အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စောဇင်မျိုးထွန်း
လွန်ခဲ့သော ၄ လ က · အုတ်ဖို

ဘယ်နရက်သားမှာအစာစကျွေးသင့်သလဲငှက်ပျောက

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်အာဟာရ ငှက်ပျော

ဖြေကြားချက် ၃ ခု

U Maung Maung Htwe
U Maung Maung Htwe အတည်ပြုပြီး 22,960 လွန်ခဲ့သော ၄ လ က

စိုက်ပြီးတစ်လခန့်အမြစ်တွယ်ပြီးမှကြွေးသင့်ပါတယ် သုံးလခြားတခါကြွေးနိုင်ပါတယ်အသီးစသီးချိန်တွင်N ရှော့ပြီးKတိုူကြွေးပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၄ လ က

စိုက်ပြီး၂၅-၃၀ရက် ဆို ကျွေးသင့်နေပါပြီ။

သော်ဇင်
သော်ဇင် 352,834 လွန်ခဲ့သော ၄ လ က

ငှက်ပျောပင်ကို မြေချစိုက်ပျိုးပြီးနောက် (သို့မဟုတ်) အပင်ပေါက်ထွက်ပြီး (၂) ပတ်မှ (၃) ပတ် အကြာ (အပင်အမြစ်စွဲပြီး အရွက်သစ်များ စထွက်ချိန်) တွင် မြေဩဇာကို စတင်ကျွေးနိုင်ပါတယ်ခင်ဗျာ။ ပထမဆုံးအကြိမ် အပင်အမြစ်စွဲပြီးစ အရွယ်ဖြစ်၍ အပင်ကြီးထွားမှုကို အားပေးသည့် ယူရီးယား (နိုက်ထရိုဂျင်) ကို အဓိကထားပြီး ပမာဏနည်းနည်းဖြင့် စကျွေးရပါမယ်။ မြေဩဇာကို ပင်စည်နဲ့ တိုက်ရိုက်မထိစေဘဲ ပင်စည်မှ (၁) ပေခွဲခန့် ခွာပြီး အဝိုင်းလိုက် ကျင်းတူး၍ ကျွေးရပါမယ်။မြေဩဇာကျွေးပြီးလျှင် ရေကို ချက်ချင်းဝဝလောင်းပေးဖို့ လိုအပ်ပါတယ်။နောက်ပိုင်းကာလများတွင်အပင်ကြီးထွားနှုန်း ကောင်းမွန်စေရန်အတွက် အပင်သက်တမ်းအလိုက် (၁) လလျှင် တစ်ကြိမ် သို့မဟုတ် (၂) လလျှင် တစ်ကြိမ် ပုံမှန် အချိုးကျ ကွန်ပေါင်းမြေဩဇာများကိုဆက်လက်ကျွေးပေးရပါမယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။