ပဲတောင့်ရှည်အပင်ကြားကပေါင်းမြတ်ကိုသဘာဝနည်းနဲ့နှိမ်နင်းဖို့လမ်းညွှန်ပေးပါရှင့်
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁၅ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေသာ
သမီးတို့ဆီကလုပ်အားခအရမ်းဈေးကြီးလို့ပါရှင့်လုပ်အားလဲသက်သာမဲ့နည်းလေးလမ်းညွှန်ပေးပါရှင့်
သဘာဝနည်းထဲမှာ၊လက်နဲ့ နုတ်ခြင်းသည်၊အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံးနည်းဖြစ်ပါတယ်။
ထောင်ချောက်ပင်နဲ့ ပိုးပြေးပင်တွေကိုလည်း အနီးနားမှာ စိုက်လို့ရပါတယ်။ ဥပမာ စပါးလင်လိုအပင်မျိုးတွေ အနီးနားမှာရှိရင် သူ့အနံ့ကြောင့် အချို့ပိုးတွေ မလာနိုင်တော့ပါဘူး။
ပဲတောင့်ရှည်ခင်းတွင် ပေါင်းမြက်များကို သဘာဝနည်းဖြင့် နှိမ်နင်းရန် ပဲအမြစ်များမထိခိုက်မိစေဘဲ လက်ဖြင့်စောစောနုတ်ခြင်း သို့မဟုတ် ပေါက်တူးငယ်ဖြင့် မြေခပ်ဖွဖွဆွပေးခြင်းတို့ကို ပြုလုပ်ရပါမည်။ ထို့နောက် အပင်ခြေနှင့် အတန်းကြားများတွင် ကောက်ရိုး၊ မြက်ခြောက် သို့မဟုတ် သစ်ရွက်ခြောက်များဖြင့် မြေဖုံးအုပ်ပေးခြင်း (Mulching) ဖြင့် နေရောင်ခြည်ကိုပိတ်ဆို့ကာ ပေါင်းစေ့များ အညှောက်မပေါက်အောင် တားဆီးနိုင်ပါသည်။ ထို့ပြင် ပဲပင်ကို သတ်မှတ်အကွာအဝေးအတိုင်း စနစ်တကျ စိပ်စိပ်စိုက်ပျိုးခြင်း သို့မဟုတ် အတန်းကြားတွင် ဟင်းနုနွယ်ကဲ့သို့ မြေဖုံးသီးနှံများ ညှပ်စိုက်ခြင်းဖြင့် ပေါင်းမြက်ပေါက်ရောက်မည့် နေရာလွတ်ကို အရိပ်ဖြစ်စေ၍ ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
ဆက်စပ်မေးခွန်းများ
သဘာဝပေါင်းသတ်ဆေးစပ်နည်းလေးညွန်းပေးကြပါအုံးဗျ
ဖြေကြားချက် 1 ခု
ပဲတောင့်ရှည်leaf miner ဘာဆေးဖြန်းမလဲ
ဖြေကြားချက် 2 ခု
ပဲတိုင်ထောင် အရွက်လိပ်ပီးခြောက်တာ ဘာဆေးသုံးရမလဲရှင့်
ဖြေကြားချက် 1 ခု
တိုင်ထောင်ပဲ အမြစ်ရင်းမှာ မြေတောင်ပေးရင်းတွေ့တာပါ ဖြူဖြူလးတွေက မှိုတွေလားရှင့်
ဖြေကြားချက် 3 ခု
သခွား /ပဲတောင့်ရှည် မိုးရာသီမှာရာသီဒဏ်ဘယ်ဟာကပိုခံနိုင်လဲဖြေကြားပေးပါ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။