အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Soe Gyi
Soe Gyi 317
လွန်ခဲ့သော ၃ လ က · ငဖဲ

နွားသေး အသုံးပြုပုံ အသေးစိတ်ပြောပြပေးပါအုံးဗျ ဘာတွေထည့်ရမလဲ ထန်းညှက်ထည့်ရမလား အကြံပေးပါအုံး

စိုက်ပျိုး ဗဟုသုတ နို့နှင့် နို့ထွက်ပစ္စည်း

ဖြေကြားချက် ၃ ခု

Soe Gyi
Soe Gyi 317 လွန်ခဲ့သော ၃ လ က

ကျေးဇူးပါဗျ

သော်ဇင်
သော်ဇင် 352,977 လွန်ခဲ့သော ၃ လ က

နွားသေးသည် နိုက်ထရိုဂျင်နှင့် ပိုတက်ဆီယမ် ကြွယ်ဝသောကြောင့် စိုက်ပျိုးရေးတွင် အပင်အားဆေးနှင့် သဘာဝပိုးမွှားမောင်းထုတ်ဆေးအဖြစ် အလွန်အသုံးဝင်ပါတယ်။ အသုံးပြုရာတွင် အပင်လောင်ခြင်းမှ ကာကွယ်ရန် နွားသေး ၁ ဆကို ရေ ၁၀ ဆမှ ၂၀ ဆခန့် (အပင်ကြီး/ငယ်အလိုက်) မဖြစ်မနေ ရောစပ်ပြီးမှ အရွက်ဖျန်းမြေသြဇာအဖြစ် သို့မဟုတ် အပင်ခြေသို့ ဖျန်းပေးရပါမယ်။ ထန်းလျက် သို့မဟုတ် သကြား ထည့်သွင်းအသုံးပြုလိုပါက နွားသေး၊ နွားချေး၊ ပြာ၊ ထန်းလျက်တို့ကို ရေနှင့်ရောစပ်ပြီး ၅ ရက်မှ ၇ ရက်ခန့် လေလုံအောင် အချဉ်ဖောက်ကာ အဏုဇီဝအရည်မြေသြဇာ ပြုလုပ်၍ သုံးစွဲနိုင်ပါတယ်။ ထန်းလျက်သည် အကျိုးပြုအဏုဇီဝပိုးမွှားများကို လျင်မြန်စွာပွားများစေပြီး အပင်ကို ပိုမိုသန်မာစေကာ မြေဆီလွှာကို ကောင်းမွန်စေပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပညာအရည်ချင်နည်းလိုအခုလုပ်နေတဲ့အလုပ်မှာမြေဧကတိုင်ဖို့ခနခနဖြစ်နေလိုခတ်ခဲနေတယ်ဗျာပညာရှင်များကူညီပေးပါအုံးသင်ကြား...

ဖြေကြားချက် 2 ခု

နွားနို့နဲ့ဆန်ဆေးရည်ကို အပင်အားဆေးပြုလုပ်ရန်ဘယ်နှလခံလဲရှင့် ဘာကြောင့်ဘာဓာတ်ပြုတာလဲရှင့်

ဖြေကြားချက် 3 ခု

ဒေသဝက် နှစ်လခွဲ သားပေါက်လေးတွေ ကို ရေ တစ်နေ့တစ်ခါပုံ မှန် ချိူးပေးသင်လားဗျာ့ ။အစာကတော့ Cp-950 အစာတောင့် ကျွေး...

ဖြေကြားချက် 1 ခု

စိမ်းစိမ်းသေဆေးကို မနက်ပိုင်းကနေ ညနေဘယ်အချိန်ထိ ဖြန်းရင် အထိရောက်ဆုံး ဖြစ်မလဲ ဆရာတို့

ဖြေကြားချက် 3 ခု

ဒီ app က error တက်နေတာလား ပုံတင်တာ မရဘူး စာပဲဝင်တယ် နှစ်ခါတင်တာ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။