12လရာသီအလိုက်ဘယ်အသီးအပင်အမျိုးအစားကိုစိုက်သင့်ပါသလဲဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁၀ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အများအားဖြင့် နေသာ
မြန်မာနိုင်ငံ၏ ရာသီဥတုအရ တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းနိုင်သော သီးနှံများတွင် ကန်စွန်းရွက်၊ ဟင်းနုနွယ်ကဲ့သို့ အရွက်စားပင်များ၊ ရုံးပတီသီး၊ ခရမ်းသီး၊ ငရုတ်သီးနှင့် သခွားသီးကဲ့သို့ အသီးစားပင်များ ပါဝင်ပါသည်။ ဤသီးနှံများသည် ရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း ရေသွင်းရေထုတ်စနစ် ကောင်းမွန်ရန် လိုအပ်ပြီး၊ နွေရာသီတွင် အစိုဓာတ်ထိန်းခြင်း၊ မိုးရာသီတွင် ရေဝပ်မှုဒဏ်မှ ကာကွယ်ခြင်းနှင့် ဆောင်းရာသီတွင် အပင်ခြေဖုံးအုပ်ခြင်းတို့ကို ဂရုစိုက်ပေးခြင်းဖြင့် တစ်နှစ်ပတ်လုံး အရည်အသွေးကောင်းမွန်သော အထွက်နှုန်းကို ရရှိနိုင်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခရမ်းပင်တွေညှိုးသေတွေသေနေလို့ဘယ်လုပ်ရမှာလည်းလို့အကြံပေးကြပါအုန်းဆရာတို့ရေနုတ်ပြစ်ရတာနဲ့ကုန်တော့မှာမို့လို့ပါ
ဖြေကြားချက် 4 ခု
ခရမ်း စပျိုးလိုက်ပါပြီဆရာ ၅ ဂရမ်ကို အစေ့ရေ 900 နီးပါရရှိပါတယ် ခရမ်းချဥ်ကတော့ နည်းနည်းစောနေသေးလားလို့ခင်ဗျ လို...
ဖြေကြားချက် 3 ခု
ဆရာကြည့်ပေးပါအူးဗျ မန်းလေးမျိုးစေ့မှာတာ ဆိုင်က လက်ဆောင်ထည့်ပေးလိုက်တဲ့ ခရမ်းခေါင်မျိုးကိုစမ်းစိုက်ကြည့်တာ တစ်...
ဖြေကြားချက် 2 ခု
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုး...
ဖြေကြားချက် 2 ခု
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲ...
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။