အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Nyi.  lin
Nyi. lin 344
လွန်ခဲ့သော ၃ လ က · ပြင်ဦးလွင်

ခရမ်းပင်တွေညှိုးသေတွေသေနေလို့ဘယ်လုပ်ရမှာလည်းလို့အကြံပေးကြပါအုန်းဆရာတို့ရေနုတ်ပြစ်ရတာနဲ့ကုန်တော့မှာမို့လို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အမြစ်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ်
ပိုးမွှားရောဂါ ခရမ်းသီး
Post image
Post image

ဖြေကြားချက် ၄ ခု

U Maung Maung Htwe
U Maung Maung Htwe အတည်ပြုပြီး 22,960 လွန်ခဲ့သော ၂ ပတ် က

ခရမ်းပင်ညှိုးသေတာအပင်ချေကိုမြေမျက်နှာပြင်နေရာကိုစစ်ဆေးပါရေစိုနာရှိနေရင်မှိုရောဂာာဖြစ်လို့copper oy chlorite တို့မင်ကိုဇက်တို့လိုမှိုသတ်ဆေးဖျန်းပါပင်စည်ဘာမှမဖြစ်ဘဲအမြစ်တွေပျက်စီးနေတာဆို bacterial ရောဂါဖြစ်လို့ နှုပ်ပြီးမီးရှိ့းပါနောက်ဒီနေရာမှာခရမ်းရင်းများမစိုက်ပါနှင့်မြေကိုပိုးသန့်ပြီးမြှပမ်စိုက်ပာ

U Maung Maung Htwe
U Maung Maung Htwe အတည်ပြုပြီး 22,960 လွန်ခဲ့သော ၃ လ က

ခရမ်းပင်ညှိုးသေရတာရောဂါနဲဆိုBacterial wilt သို့မဟုတ် Fuceriam wilt တို့‌‌ကြောင့်ပါBacterial ရောဂါဆိုပင်စည်အချေမှာဘာအနာတရမှမတွေ့ရဘဲအမြစ်များပျက်စီးနေပြီးပင်စည်ကိုသုံးလက်မခန့်ဖြတ်ပြီးဖန်ခွက်ထဲရေသန့်လေးထည်ပြီးခဏစေယင့်ကြည့်ရင်နို့ရောင်အဖြူရေတွေကျလာမယ်မှိုရောုဂာဆိုမြေကြီးနားကပင်ချေတွငါရေစိုနာတွေ့ရမယ်ဘက်တီးရီယားဆီုကုဘိူ့နောက်ကျသသွာပြီမှိုတိုပင်ချေက်ုကော့ပါးတို့မယ်တယ်လက်စီမှိုသတ်ဆေးတို့န‌ဲ့ကာကွယ်ပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၃ လ က

တပင်လောက်နုတ်ကြည့်ပါ။အမြစ်လေးတွေ အပူလောင်နေသလား(မလတ်ဆတ်ဘူးလား)။ခါးရိသလား ကြည့်ပါဦး။ဘာဒဏ်ရာမှမရှိရင် ခါးဆွ/မြေဆွပြီး ဂ်ျစ်ဆန်+ကေဟူးမစ် ဖြူးပေးပါ။အရိပ်ပါးပါးလုပ်ပေးနိုင်ကောင်းမယ်။

သော်ဇင်
သော်ဇင် 352,834 လွန်ခဲ့သော ၃ လ က

ပုံပါ ခရမ်းပင်သည် ရုတ်တရက် ခေါင်းငိုက်စိုက်ကျကာ အရွက်များ စိမ်းလျက် ညှိုးသေသွားခြင်း ဖြစ်သောကြောင့် Ralstonia solanacearum ဘက်တီးရီးယားကြောင့် ဖြစ်ပွားသည့် "ဘက်တီးရီးယား ပင်ညှိုးရောဂါ (စိမ်းညှိုးရောဂါ)" ကျရောက်နေခြင်း ဖြစ်နိုင်ပါတယ်။ စစ်ဆေးရန် ပင်စည်ကို ဖြတ်ပြီး ရေကြည်ဖန်ခွက်ထဲ စိမ်ကြည့်ပါက နို့နှစ်ရောင် အချွဲများ စိမ့်ထွက်လာလိမ့်မည်။ လက်ရှိတွင် ရောဂါရအပင်ကို မြေခဲနှင့်တကွ နှုတ်ယူကာ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီးရမည်ဖြစ်ပြီး၊ ကျင်းထဲသို့ ထုံးမှုန့်ထည့်ရမည်။ ထို့နောက် ရောဂါကူးစက်မှု တားဆီးရန် ကော့ပါးအခြေခံမှိုသတ်ဆေး၊ kasugamycin၊ (သို့မဟုတ်) Streptomycin ကဲ့သို့ ဘက်တီးရီးယားသတ်ဆေးများကို ဘေးပတ်ဝန်းကျင်ရှိ အပင်ကောင်းများ၏ တစ်ပင်လုံးပင်ခြေအထိ ရွှဲရွှဲဖျန်းပေးရမည်။ ရေရှည်အတွက်မူ ခရမ်းမျိုးရင်းဝင်မဟုတ်သော သီးနှံများနှင့် အနည်းဆုံး ၃ နှစ် သီးလှည့်စိုက်ပျိုးခြင်း၊ မြေပြင်ချိန်တွင် ထရိုင်ကိုဒါးမားအကျိုးပြုမှို သုံးစွဲခြင်းနှင့် အမြစ်ဒဏ်ရာ မရအောင် ဂရုစိုက်ခြင်းတို့ဖြင့် ကာကွယ်ရပါမည်။

You

ဆက်စပ်မေးခွန်းများ

ခရမ်း စပျိုးလိုက်ပါပြီဆရာ ၅ ဂရမ်ကို အစေ့ရေ 900 နီးပါရရှိပါတယ် ခရမ်းချဥ်ကတော့ နည်းနည်းစောနေသေးလားလို့ခင်ဗျ လို...

ဖြေကြားချက် 3 ခု

ဆရာကြည့်ပေးပါအူးဗျ မန်းလေးမျိုးစေ့မှာတာ ဆိုင်က လက်ဆောင်ထည့်ပေးလိုက်တဲ့ ခရမ်းခေါင်မျိုးကိုစမ်းစိုက်ကြည့်တာ တစ်...

ဖြေကြားချက် 2 ခု

အပင်တွေညှိုးပီးသေနေလို့ပါဘယ်လိုလုပ်ရမှာလည်းပြောပေးကြပါအုမ်း

ဖြေကြားချက် 3 ခု

12လရာသီအလိုက်ဘယ်အသီးအပင်အမျိုးအစားကိုစိုက်သင့်ပါသလဲဗျ

ဖြေကြားချက် 1 ခု

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုး...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။