ဖြေကြားချက် ၂ ခု
သက်တမ်း ၁၂၀ အစာစပ်ပြောင်း တစ်ဧက အထွက်တိုးရန်အတွက် ယူရီးယား (၁ အိတ်ခွဲ)၊ တီစူပါ (၁ အိတ်) နှင့် ပိုတက်ရှ် (၁ အိတ်) ကို အဆင့် (၄) ဆင့်ခွဲ၍ စနစ်တကျ ကျွေးရပါမယါ။ ပထမအဆင့်အဖြစ် မြေပြင်ချိန် သို့မဟုတ် စိုက်ပျိုးချိန်တွင် တီစူပါအားလုံးနှင့် ပိုတက်ရှ် အိတ်ဝက်ကို မြေခံအဖြစ် ထည့်ရပါမယ်။ ဒုတိယအဆင့်အဖြစ် အပင်ပိုင်း ကြီးထွားမှု ကောင်းမွန်စေရန် စိုက်ပြီး ရက် ၂၀-၂၅ တွင် ယူရီးယား အိတ်ဝက်ကို အပင်ခြေနှင့် ခွာ၍ ကျွေးရပါမယ်။ တတိယအဆင့်အဖြစ် အဖူးထွက်ခြင်း အားကောင်းစေရန် စိုက်ပြီး ရက် ၄၀-၄၅ တွင် ယူရီးယား အိတ်ဝက်နှင့် ပိုတက်ရှ် အိတ်ဝက်ကို တွဲဖက်ကျွေးရပါမယ်။ နောက်ဆုံး စတုတ္ထအဆင့်အဖြစ် အစေ့အပြည့်အသိပ် တည်နိုင်စေရန် စိုက်ပြီး ရက် ၆၀-၆၅ (အမွှေးထွက်ချိန်) တွင် ကျန်ရှိသော ယူရီးယား အိတ်ဝက်ကို ကျွေးရပါမယ်။ မြေဩဇာ ကျွေးသည့်အချိန်တိုင်းတွင် မြေဆီလွှာ စိုစွတ်မှု ရှိနေရန် လွန်စွာ အရေးကြီးပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ပြောင်းပင်မှာ ဘာဓါတ်လိုနေလည်း ပြောပြပေးပါ ဒီအရွယ်ဆို ဘာကျွေးရင်ကောင်းမလည်း
ဖြေကြားချက် 2 ခု
ဘာဖြစ်တာလဲ ဗျ မသိလို့ပါ ဘာဆေးဖျန်းရမလဲဗျ
ဖြေကြားချက် 3 ခု
ပြောင်းစိုက်နည်း
ဖြေကြားချက် 2 ခု
ပြောင်းစိုက်ရင် မြေခံစိုက်ဖို့အတွက် ဘာမြေဩဇာကိုသုံးသင့်ပါသလဲ
ဖြေကြားချက် 3 ခု
စိုက်ပီး 7ရက်သား အစာစပ်ပြောင်း မပင်ပေါက်မစုံသေးတာလား အပင်ပေါက်ကျဲတာလား ပြောပေးပါ
ဖြေကြားချက် 2 ခု