အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
pyae phyoe
pyae phyoe 191
လွန်ခဲ့သော ၃ လ က · ပင်းတယ

ဂျင်းစိမ်း၃လသားအထွက်ကောင်းအောင်ဘာကျွေးရမလဲအဆင့်ဆင့်ပြောပြပေးပါလားခုကစုတ်ဖွားဆေးဖြန်းပီး၁၅ပတ်လည်ကျွေးထားတယ်ဘာကျွေးရင်အထွက်ပိုကောင်းနိုင်လဲ

စိုက်ပျိုးနည်း ချင်း
Post image

ဖြေကြားချက် ၆ ခု

pyae phyoe
pyae phyoe 191 လွန်ခဲ့သော ၃ လ က

အဥအများထွက်အောင်ဘယ်လိုဆက်လုပ်ရမလဲပိုတက်ဘယ်အချိန်ကျွေးရမလဲ

သော်ဇင်
သော်ဇင် 353,176 လွန်ခဲ့သော ၃ လ က

အသက် ၃ လသား ချင်းစိုက်ခင်းသည် ဥတက်များ စတင် အားယူပွားများသည့် အရေးကြီးဆုံး ကာလ ဖြစ်သဖြင့် ပိုတက်စီယမ်နှင့် ဖော့စ်ဖရပ်ဓာတ် ကြွယ်ဝသော ကွန်ပေါင်း (၁၅-၁၅-၁၅) မြေဩဇာကို အပင်တစ်ကျင်းလျှင် ဟင်းစားဇွန်း ၁ ဇွန်းမှ ၂ ဇွန်းခန့်နှုန်းဖြင့် အပင်ခြေတွင် ကျွေးပေးရပါမည်။ မြေဩဇာ မကျွေးမီ ပေါင်းမြက်များကို သန့်စင်အောင် အရင်ရှင်းလင်းပြီး မိုးရွာပြီးစ သို့မဟုတ် ရေသွင်းပြီးစ မြေစိုစွတ်ချိန်တွင်သာ ကျွေးရန် လိုအပ်ပါသည်။ မြေဩဇာကျွေးပြီးသည်နှင့် ဥတက်များ မြေပေါ်ပေါ်မလာဘဲ လွတ်လပ်စွာ ကြီးထွားနိုင်ရန်အတွက် အပင်ခြေကို မြေပြန်ဖို့ ဘောင်တင်ပေးခြင်း (Earthing up) နှင့် သစ်ရွက်ခြောက် ဖုံးအုပ်ပေးခြင်း (Mulching) တို့ကို စနစ်တကျ မဖြစ်မနေ လုပ်ဆောင်ပေးရပါမည်။

pyae phyoe
pyae phyoe 191 လွန်ခဲ့သော ၃ လ က

အားဆေးနာမည်ပြောပြပါလား

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ လ က

ကေ ဟူးမစ်ကို အပင်ခြေပက်ကျွေးခြင်း။၀:၅၂:၃၄အားဆေးဖျန်းခြင်း ပြုလုပ်ပါ

pyae phyoe
pyae phyoe 191 လွန်ခဲ့သော ၃ လ က

အပြည့်အဝစားနိုင်အောင်ဘယ်လိုလုပ်ရမလဲပေါင်းပင်ကရှင်းထားပီဥထွက်များအောင်ဘာကျွေးရမလဲ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ လ က

အစာကျွေးဖို့ထက်၊ကျွေးထားတဲ့အစာကို အပင်က ပြည့်ဝစွာစားနိုင်ဖို့အရေးကြီးပါတယ်။ ပေါင်းပင်တွေ မရှင်းပဲ၊အထွက်မကောင်းနိုင်ပါဘူးဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။