ဖြေကြားချက် ၁ ခု
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် ဒူးရင်းပင်ကို စီးပွားဖြစ် စိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်းနိုင်ခြေ အလွန်များပါတယ်။ လက်ရှိတွင် သာပေါင်း၊ မြောင်းမြနှင့် ကန်ကြီးထောင့်ဒေသအချို့၌ ဒူးရင်းပင်များ အောင်မြင်စွာ ဖြစ်ထွန်းသီးပွင့်နေပြီ ဖြစ်ပါတယ်။ သို့သော် ဒူးရင်းပင်သည် ရေဝပ်ခြင်းကို လုံးဝမခံနိုင်သဖြင့် ကန်ကြီးထောင့်ကဲ့သို့ မိုးများသောဒေသတွင် မြေပုံစနစ် ဖြင့် မြေမြှင့်စိုက်ပျိုးရန်နှင့် ရေနုတ်မြောင်း စနစ်တကျ ပြုလုပ်ရန် အရေးကြီးဆုံး ဖြစ်ပါသည်။ စိုက်ပျိုးမည်ဆိုပါက မိုးဦးကျ ဇွန်လတွင် စိုက်ပျိုးသင့်ပြီး၊ စီးပွားရေးတွက်ခြေကိုက်သည့် မျိုးများကို ပေ ၃၀ ပတ်လည် အကွာအဝေးဖြင့် စိုက်ပျိုးသင့်ပါသည်။ ထို့ပြင် ပထမ ၁-၂ နှစ်အတွင်း ပျိုးပင်ငယ်များကို နေပူဒဏ်မှ ကာကွယ်ရန် အရိပ်ရသီးနှံ (သို့) အရိပ်များ မဖြစ်မနေ ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
em ရယ် ငါးအမိုင်နိုအက်ဆစ်ရယ် ကြက်ဥုအခွံရှာလကာရည်စိမ်ရယ် အပင်အတွက်အားလုံးရောပီးဖျန်းလို့ရနိုင်မလားခင်ဗျာ။ကျေး...
ဖြေကြားချက် 3 ခု
ဒူရင်းပင်စစိုက်ခါစမှာဒီလိုအပေါက်လေးတွေပေါက်နေတာအရွှက်နုတွေမှာရောအရွှက်ရင့်မှာပါပေါက်နေတာဘာအကောင့်ကြောင့်ဘာဆေး...
ဖြေကြားချက် 2 ခု
ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား
ဖြေကြားချက် 1 ခု
ဒူးရင်းပင်စိုက်ထားတာ တစ်နှစ်ပြည့်နေပီ စိုက်ကတည်းကအပင်ဟာအခုထိ ဒီအတိုင်းပဲရှိသေးတယ် သေလည်းမသေသွားဘူး ကြီးလည်းမ...
ဖြေကြားချက် 1 ခု
ဒူးရင်းပင်အရွက်ကအဝါရောင်အစက်ကလေးတွေတက်နေတာ ဘာဖြစ်တာလဲ ဘာပြန်လုပ်ပေးရမလဲ လောလောဆယ် ဘာဆေးမှမဖျန်းထားသေးဘူး ဆရာသ...
ဖြေကြားချက် 2 ခု