ဧရာပဒေသာ၇ရက်သားအပင်အမြင့်၁လက်မဝန်းကျင်ပက်ကြားအက်လွန်းသွားလို့ရေလှောင်ထားရင်အဆင်ပြေမလားခဗျရေဘယ်နှစ် က်လောက်လှောင်လို့အဆင်ပြေမလဲခဗျရာသီဥတုကတော့နေပူလ်ုက်မိုးအုံ့လိုက်ပါပဲ
ဧရာပဒေသာ စပါးအမျိုးအစားသည် ပျိုးနုဘဝတွင် ရေငတ်ဒဏ်ကို ခံနိုင်ရည်နည်းပါးပါတယ်။ လက်ရှိဓာတ်ပုံအရ စပါးပင်ပေါက်လေးများသည် ၁ လက်မခွဲခန့်သာရှိသေးပြီး မြေပြင်တွင် အက်ကြောင်းများစတင်နေသဖြင့် အစိုဓာတ်လိုအပ်နေသော်လည်း ရေအလွန်အကျွံ လှောင်မထားသင့်သေးပါဘူး။ ဤအဆင့်တွင် ရေမြှုပ်အောင်လှောင်ပါက အပင်များ အောက်ဆီဂျင်ပြတ်၍ ပုပ်ခြင်းနှင့် မြေကြီးမှကျွတ်ပြီး ရေထဲမျှောပါခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် လက်ရှိတွင် ရေအိုင်အောင်မထားဘဲ မြေမျက်နှာပြင် မခြောက်ရုံမျှ (လက်မဝက်ခန့် သို့မဟုတ် မြေစိုရုံ) သာ ရေသွင်းပေးရပါမည်။ အပင်သက်တမ်း ၃ ပတ်ကျော်၍ အမြင့် ၅ လက်မခန့်အထိ ထွားကျိုင်းလာပြီး အမြစ်ခိုင်မာမှသာ စိုက်ခင်းထဲတွင် ရေကို ၁ လက်မမှ ၂ လက်မခန့် စတင်လှောင်ပေးသင့်ပါတယ်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
တစ်ခုလောက်မေးခွင့်ပြုပါဆရာ15ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာမှာအရောင်တစ်မျိုးနဲ့အရောင်သုံးမျိုးစပ်ဆိုပြီးရှိပါတယ်ဆရာ...
ဖြေကြားချက် 0 ခု
ဆရာခင်ဗျာကျွန်တော့လယ်ထဲမှာဆင်းသုခစပါးနဲ့GW11စပါးနှစ်မျိုးကျဲထားပါတယ်စပါးပင်အူတိုင်ပင်အရွက်မှာအဖြူရောင်ရွက်နု...
ဖြေကြားချက် 0 ခု
စပါးပင်က31ရက်သားပါ။14ရက်သားမှာဆာလဖာပုလဲကျွေးထားပါတယ်။အပင်ကရဲေနလို့ဘယ်ဆေးပက်ရမလဲဗျ
ဖြေကြားချက် 2 ခု
တစ်ခုလောက်မေးခွင့်ပြုပါဆရာတို့50ကိီလိုမြေဆီတစ်အိတ်မှာနိုက်ထရိုဂျင်46သီးသန့်နဲ့နိုက်ထရိုဂျင်နဲ့အဆာလ်ဖာပါတဲ့မြေ...
ဖြေကြားချက် 3 ခု
စပါးပင်တွေကို နွံကပ်တာ ၁၄ရက်သားပဲရှိသေးတယ် တဖြည်းဖြည်းသေလာပါတယ် မိတ်ဆွေများ အကြံကောင်းပေးကြပါခဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။