အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ထွန်းထက်ကို
လွန်ခဲ့သော ၂ လ က · သာယာဝတီ

ဗီယက်နမ်ရက်၁၀၀စပါးအတွက်မြေဩဇာဘယ်နှကြိမ်ကျွေးသင့်လဲ?ဘယ်ရက်တွေမှာကျွေးရမလဲ?

အပင်အာဟာရ စပါး

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 354,393 လွန်ခဲ့သော ၂ လ က

ဗီယက်နမ် ရက် ၁၀၀ စပါးအမျိုးအစားများအတွက် ဓာတ်မြေဩဇာကို အပင်ကြီးထွားမှုအဆင့်အလိုက် ၃ ကြိမ် ခွဲ၍ အချိန်ကိုက်ကျွေးရပါမယ်။ ပထမအကြိမ်အဖြစ် အပင်အမြစ်စွဲပြီး အမြစ်ပွားအားကောင်းစေရန် စပါးပင်သက်တမ်း ၁၀ ရက်မှ ၁၂ ရက် အတွင်း တီစူပါနှင့် ယူရီးယားကို ကျွေးရပါမယ်။ ဒုတိယအကြိမ်အဖြစ် ပင်ပွားအများဆုံးထွက်ရှိမည့် ၂၀ ရက်မှ ၂၅ ရက် အတွင်း ယူရီးယားနှင့် ပိုတက်ရှ်ကို တွဲဖက်ကျွေးရမည်ဖြစ်ပြီး၊ တတိယအကြိမ်အဖြစ် စပါးနှံသန္ဓေတည်၍ အောင်စေ့များစေရန်အတွက် သက်တမ်း ၄၀ ရက်မှ ၄၅ ရက် အတွင်း ယူရီးယားပါးပါးနှင့် ပိုတက်ရှ်မြေဩဇာကို နောက်ဆုံးအကြိမ်အဖြစ် ခွဲကျွေးပေးရပါမယ်ခင်ဗျာ။ အကယ်၍မြေခံမှာ ပထမအကြိမ်ကျွေးရမည့်မြေဩဇာများကို ထည့်သွင်းခဲ့ပါက ပထမအကြိမ်မြေဩဇာကျွေးခြင်းလုပ်ငန်းစဉ်ကို လျော့ချနိုင်ပါတယ်ခင်ဗျာ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,682 လွန်ခဲ့သော ၂ လ က

၃ကြိမ်ကျွေးပါ။မြေခံ , ပင်ပွားကာလ,ဖုံးလုံးကာလ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

တစ်ခုလောက်မေးခွင့်ပြုပါဆရာရေမြုပ်တဲ့စပါး‌တွေရေပြန်ကျပေမဲ့စပါးခင်းထဲမှာရေညိတွေအများကြီးရှိနေပါတယ်စပါးပင်ရှင်သန်...

ဖြေကြားချက် 3 ခု

တက်ပွတ်အဖြူကို မည်သည့်ဆေး Ai များဖြင့် နှိမ်နင်းလို့ရပါသလဲ ခင်ဗျာ......

ဖြေကြားချက် 4 ခု

ပျိုးခင်းရွက်ဖြူတွေ့နေလို့ပါဘယ်လိုဖြစ်သာလဲဗျ

ဖြေကြားချက် 1 ခု

ဆရာများခင်မျ ငါးအမိုင်နိုလုပ်ထားတာရက်ပေါင်း၅၀ရပါပီအားလုံးလဲကျေပါတယ်အရည်မဖြစ်ပါပစ်တွဲတွဲဖြစ်နေပါတယ်ဆေးဖျန်းတဲ့အ...

ဖြေကြားချက် 2 ခု

ရွှေဘိုဒေသဘက်က ပေါ်ဆန်းဘေးကြားစိုက်တောင်သူတစ်ယောက်ပါ 15ပတ်လည်ကို 50/55ရက်သားပတ်ချာလည်နဲ့မှို့ကပ်ချိန်မှ ထည့်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။