ဖြေကြားချက် ၃ ခု
ပဲပုပ်ခင်းအတွက် ဘေးကင်းပြီး မှန်ကန်သော တမာပိုးသတ်ဆေး ပြုလုပ်ရန်အတွက် တမာရွက်အစို ၂၀ ကျပ်သား (၅၀၀ ဂရမ်ခန့်) ကို ညက်နေအောင် ထုထောင်းကြိတ်ချေပြီး၊ ရေ (၁) လီတာခန့်ဖြင့် ရောစပ်ကာ တစ်ညအိပ် (၁၂ နာရီမှ ၂၄ နာရီ) မျှသာ စိမ်ထားရပါမယ်။ နောက်တစ်နေ့တွင် အဝတ်ပါးဖြင့် သေချာစွာ စစ်ယူပြီးရရှိလာသော ဆေးရည်ပျစ်ကို ဆေးကပ်ရည်အဖြစ် ဆပ်ပြာရည် ၁ ဇွန်း နှင့် သမအောင်မွှေပေးပါ။ ထို့နောက် (၄) ဂါလံဆံ့ ဆေးဖျန်းပုံးထဲသို့ ထည့်ကာ ရေအပြည့်ဖြည့် ၍ သမအောင်မွှေပြီးလျှင် ပဲပုပ်ခင်းအတွက် အသင့်သုံး သဘာဝပိုးနှင်ဆေးရည်ကို ရရှိပါပြီခင်ဗျာ။
ဆက်စပ်မေးခွန်းများ
trichoderma+Bicillus +Rhizobium သုံးမျိုး လူးနယ်ထားတဲ့မျိုးစေ့ပါရှင့်။ မိုးရွာလို့ စိုက်ရက် တစ်ရက်ကျော်သွားပါ...
ဖြေကြားချက် 2 ခု
ပဲပုပ် စိုက်ခင်းထဲကို ပိုက်ဆံလျှော် ကျဲပြီး သစ်စိမ်းမြေဩဇာအဖြစ်သုံးချင်ပါတယ်ရှင့်။ ပဲပုပ်ခင်းရဲ့ ပင်ကြားတန်း...
ဖြေကြားချက် 4 ခု
ပဲပုတ် တစ်ဧကကို မျိုးစေ့ ၁၁ ပိဿာ သုံးမှာပါရှင့်။ ပဲပုတ်မျိုးစေ့ ကို trichoderma +Bicillus +Rhizobium သုံးမျိုး...
ဖြေကြားချက် 4 ခု
မှိုရော
ဖြေကြားချက် 5 ခု
ဘာ မှိုရောဂါလဲ propiconazole Tricyclazole ဖျန်းရလား
ဖြေကြားချက် 2 ခု