ဒီနှစ်မှာ တောင်သူ လယ်သမားဦးကြီးတို့ မနှစ်ကလို စပါးဈေး မကောင်းရင် ဘာဆက်လုပ်ကြမလဲ ရှင်☘️🌾🌾🌾 စပါးဈေးသာ မကောင်းတာ မြေဩဇာ မြေဆီ ဈေးနှုန်းက မကျဘူး နိုင်ငံကလဲ မလှတော့ ပြည်သူတွေလဲ ဝမ်းဝ ခါးလှဖို့ လာဏ်မမြင်
စပါးဈေးကျပြီး သွင်းအားစုဈေးကြီးချိန်မှာ ကုန်ကျစရိတ်လျှော့ချဖို့ တစ်ပြိုင်နက်တည်းမှာ မြေဩဇာဖိုး ချွေတာနိုင်ရန်အတွက် နွားချေး၊ ကြက်ချေးဆွေးနှင့် စပါးခွံပြာကဲ့သို့ သဘာဝမြေဩဇာများကို မြေခံအဖြစ် တိုးမြှင့်သုံးစွဲပြီး ဓာတ်မြေဩဇာပမာဏကို လျှော့ချပါ။ ဈေးကွက်အကျပ်အတည်းကို ကျော်လွှားရန် စပါးကို အစိုဓာတ်စနစ်တကျလျှော့ချပြီး သိုလှောင်ကာ ဈေးကောင်းရချိန်မှ ထုတ်ရောင်းခြင်း၊ အဝယ်လိုက်သည့် အရည်အသွေးမြင့် စပါးမျိုးသန့်များကိုသာ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစရိတ်ကို ထိန်းညှိပြီး အကျိုးအမြတ်ရရှိအောင် ဖန်တီးနိုင်ပါတယ်ခင်ဗျာ။မြေပြင်အနေအထားတွေအရတော့ တောင်သူအများစုကတော့ စပါးမလှောင်ထားနိုင်ကြဘဲ ကုန်သည်တွေဆီမှာ သွားစုမိနေတာမျိုးလည်းရှိပါတယ်ခင်ဗျာ။ထပ်တူဝမ်းနည်း စိတ်မကောင်းဖြစ်မိပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
စပါးပင်အဖုံး ဖုံးချိန်မှာ မြေဆီအစား ပိုတက်ဆီယမ်အချိုးများတဲ့ ရွက်ဖျန်းအားဆေးကိုအသုံးပြုလို့ရပါသလား ရွက်ဖျန်း...
ဖြေကြားချက် 1 ခု
မြေခံ၁ဧကကိုပုံပါမြေသြဇာတော့75kgတော့ထည့်ထားပါတယ်၂၃ရက်သားဧရာပဒေသာဒီနေ့မှသမန်းတင်းလို့ထွန်မွှေထားတာပါဘယ်နေ့လောက်...
ဖြေကြားချက် 3 ခု
စပါး ၃၀ရက်သား ဘာရောဂါကျတာလဲဗျ
ဖြေကြားချက် 2 ခု
စပါးပင်တွေက ပုံထဲမှာပြထားသလို ဝါနေလို့ပါခင်ဗျ အစာကျွေးထားတာလဲ ရက် 20လောက်ပဲရှိပါသေးတယ် အစာတောင်းတာလား ပိုးကျတာ...
ဖြေကြားချက် 7 ခု
စပါးကိုနုန်းမြေမှာကြဲထားတာရွေးခြယ်ပေါင်းသတ်ဆေးသုံးရမလဲမြေစာကြိုင်းပင်ရယ်သတ်ချင်လို့
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။