အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဧကာ
ဧကာ 247
လွန်ခဲ့သော ၁ လ က · ဟင်္သာတ

စပါးပင်တွေက ပုံထဲမှာပြထားသလို ဝါနေလို့ပါခင်ဗျ အစာကျွေးထားတာလဲ ရက် 20လောက်ပဲရှိပါသေးတယ် အစာတောင်းတာလား ပိုးကျတာလားမသိတာကြောင့် ဘယ်လိုကုသရမလဲဆိုတာ ပညာရှင်များနဲ့ အတွေ့အကြုံရှိဦးကြီးများကဖြေကြားပေးစေလိုပါတယ်ခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၀၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
စိုက်ပျိုးစီးပွား စပါး
Post image
Post image
Post image
Post image

ဖြေကြားချက် ၇ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၁ လ က
ဤအဖြေဖြင့် ပြေလည်

အပင်ပြလက္ခဏာအရ၊ အရွက်ဖျားဝါပြီး ခြောက်လိုက်လာတယ်။အောက်ပိုင်းအရွက်တွေစိမ်းနေတယ်။ဒါဟာ ရောဂါမဟုတ်ပဲ အမြစ်ပိုင်းဆိုင်ရာပြဿနာကြောင့်ပါ။ ပေါင်းသတ်ဆေး ကြောင့်သော်လည်းကောင်း၊ရေဝပ်ကြာခဲ့ရင်သော်လည်းကောင်း၊ဖြစ်နိုင်ပါတယ်။ ရေရှိနေရင် ထုတ်ပါ။ပိုတက်မြေဩဇာနဲ့ ဂျစ်ဆန်မြေဩဇာ၊ဆတူရောပက်‌ေကျွးပါ။ ၅ရက်ခန့်ကြာမှ ရေပါးပါးပြန်သွင်းပါ။

နုနုရီ
နုနုရီ 98 လွန်ခဲ့သော ၁ လ က

ပိုးသတ်ဆေး‌ဖျန်းရင် မှိုဆေးပါထည့်ဖျန်းပါ

နုနုရီ
နုနုရီ 98 လွန်ခဲ့သော ၁ လ က

ဖြုတ်ပိုးကတော့ ဖြုတ်ညိုက စပါးပင်ကိုဝါတယ် ဆေးဖျန်းပြီရင် ၁‌၅ပတ်လည်အချိုးကျကျွေပါ

နုနုရီ
နုနုရီ 98 လွန်ခဲ့သော ၁ လ က

ဖြုတ်ပိုးကျတာလား စပါးပင်ကို့ကြည့်ပါလား ၁၅ပတ်လည်ကျွေးပါ

ကိုဇော်ခင်ထွန်း
ကိုဇော်ခင်ထွန်း 75 လွန်ခဲ့သော ၁ လ က

ဘက်တက်ဒီးယားရောဂါကြနေတယ်ထင်တယ်

နိုင်လင်းစိုး
နိုင်လင်းစိုး 108 လွန်ခဲ့သော ၁ လ က

အပင်ပိုလားဆိုတာကြည့်ကြ့ည့်အုံ

မောင်ဆမ်း
မောင်ဆမ်း 1,629 လွန်ခဲ့သော ၁ လ က

မြေဆီကျွေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဒီနှစ်မှာ တောင်သူ လယ်သမားဦးကြီးတို့ မနှစ်ကလို စပါးဈေး မကောင်းရင် ဘာဆက်လုပ်ကြမလဲ ရှင်☘️🌾🌾🌾 စပါးဈေးသာ မကောင်းတာ...

ဖြေကြားချက် 4 ခု

စပါးပင်အဖုံး ဖုံးချိန်မှာ မြေဆီအစား ပိုတက်ဆီယမ်အချိုးများတဲ့ ရွက်ဖျန်းအားဆေးကိုအသုံးပြုလို့ရပါသလား ရွက်ဖျန်း...

ဖြေကြားချက် 1 ခု

မြေခံ၁ဧကကိုပုံပါမြေ​သြဇာတော့75kgတော့ထည့်ထားပါတယ်၂၃ရက်သားဧရာပဒေသာဒီနေ့မှသမန်းတင်းလို့ထွန်မွှေထားတာပါဘယ်နေ့လောက်...

ဖြေကြားချက် 3 ခု

စပါးကိုနုန်းမြေမှာကြဲထားတာရွေးခြယ်ပေါင်းသတ်ဆေးသုံးရမလဲမြေစာကြိုင်းပင်ရယ်သတ်ချင်လို့

ဖြေကြားချက် 0 ခု

ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာ...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။