အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ukyisoe
Ukyisoe 70
လွန်ခဲ့သော ၁ လ က · ဟင်္သာတ

ကွမ်းခြံဆီစွန်းရောဂါကျနေလို့ပါခင်ဗျဘာဆေးသုံးရမလဲပြောပေးပါအုံး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးရွာ
ပိုးမွှားရောဂါ ကွမ်း
Post image
3

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 371,219 လွန်ခဲ့သော ၁ လ က

ပုံပါကွမ်းရွက်တွင် ဖြစ်ပွားနေသည်မှာ Xanthomonas campestris pv. betlicola ဘက်တီးရီးယားကြောင့် ဖြစ်သော "ဘက်တီးရီးယား ဆီစွန်းရောဂါ ဖြစ်ပါတယ်။ ရောဂါသည် အရွက်ပေါ်တွင် ရေစိုနာကွက်များမှတစ်ဆင့် အဝါရောင်အနားသတ်ရှိသော ညိုမဲသည့် အကွက်များအဖြစ် ကူးစက်ပျံ့နှံ့တတ်ပြီး အပင်ကို သေစေနိုင်ပါတယ်။ ကုသရန်အတွက် ကွမ်းရွက်ခူးပြီးချိန်တွင်ကော့ပါး (Copper) ဆေးတစ်မျိုးမျိုး၊Oxolinic acidသို့မဟုတ် ကာဆူဂါမိုင်စင် (Kasugamycin) ကဲ့သို့သော ဘက်တီးရီးယားသတ်ဆေးကို Bismerthiazole နှင့် ရောစပ်ကာ အရွက်ထက်အောက်မျက်နှာပြင်ပါ နှံ့စပ်အောင် ပက်ဖျန်းပေးရပါမယ်။ တစ်ပြိုင်နက်တည်းမှာပင် ရောဂါရအရွက်များကို ခူးယူမီးရှို့ဖျက်ဆီးခြင်း၊ ခြံထဲတွင် လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ခြင်းနှင့် အပင်ကို နုဖတ်ပြီး ရောဂါဝင်လွယ်စေသည့် နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် စိုက်ပျိုးရေးနည်းလမ်းအရ စနစ်တကျ ကာကွယ်ရပါမယ်။

Ukyisoe
Ukyisoe 70 လွန်ခဲ့သော ၁ လ က

ကျေးဇူးပါ

Kotori Min
Kotori Min 3,705 လွန်ခဲ့သော ၁ လ က

ကောပါး ကာဆူကာ ဖျန်း

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ကွမ်းက10တစ်ခါခူးနေတာဗျ လိုင်ဆာလဖာ နဲ ရွေတက်လမ်း သဘာ၀မိူဆေးတွေနဲရောဖျန်းရလားဗျ

ဖြေကြားချက် 1 ခု

ဆဲလ်ကွက်လိုက် အကြောတွေ နီနေတာ ဘာ ဖြစ်တာလဲ အရွက်နုရော အကြမ်းရော မှာ ဖြစ်တယ်

ဖြေကြားချက် 1 ခု

ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်း...

ဖြေကြားချက် 2 ခု

ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်

ဖြေကြားချက် 1 ခု

ကွမ်းပင်ခြေပုတ် ခါးရိ မြစ်ခြောက်ဆွေးေဒါင်းမြီးကွက်ကရောဂါတစ်မျိုးတည်းကဖြစ်တာလားဘာေဆးေတွသုံးသင့်လည်းအလှည့်ကျသုံး...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။