အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Kotori Min

Kotori Min

တောင်သူ · မင်းတုန်း

3,952
လွန်ခဲ့သော ၆ ရက် က

ရွက်ဖျားခြောက်ရောဂါလည်း ဖြစ်နေဦးမယ်။ ဓာတ်ပုံလေးနဲ့ တင်မေးပါလား?

စပါးပင်ရွက်ဖျားတွေခြောက်နေလို့ စိုးရိမ်ရလားဗျ ဘာဆေးသုံးရမလဲ

လွန်ခဲ့သော ၁ ပတ် က

ကောင်းပါတယ်။ ၁၄ ရက်အထက်ထားတဲ့ နွားသေးဆို ပိုးတောင်ပြေးသေးတယ်။

စပါးပင်များကိုရက်များစွာစုထားသောနွားသေးဖြန်းရင်းအာနိသင်ရှိမရှိဖြေပေးပါဆရာ။ဘယ်ဟာကအကောင်းဆုံးလဲဆရာ။

လွန်ခဲ့သော ၂ ပတ် က

ဆေးမဖျန်းချင်ရင် အိတ်စွတ်ပေး။ အသီးလည်း ပိုးကင်းတယ်။ အရောင်လည်း လှတယ်။ အရွယ်အစားလည်း မစွတ်တဲ့အသီးထက် ပိုကြီးပြီး စားရတာ ပိုနူးညံ့တယ်။

ဘူးသီးတွေအတွင်းမာ ပုပ်ကုန်ပြီး အဲ့လိုအရည်တွေထွက်ပုပ်ကုန်တာ ဘာကြောင့်လဲဗျ ပိုးဆိုရင်လည်းဘာပိုးလဲရယ် ဘယ်လိုနှိမ်နှင်းရမလဲ ဘယ်လိုကာကွယ်ရမလဲ အကြံပေးပါဦး

လွန်ခဲ့သော ၁ လ က

အခြားကြက်တွေနဲ့ ခွဲထုတ်ထားတာ ပေးပါ။ လောလောဆယ် အမောက်စလင် အမှုန့်ကို ရေနဲ့ဖျော်ပြီး တိုက်ပေးပါ။ အားရှိအောင် ကြက်စာကို ပျော့ပျော့လေးလုပ်ပြီး ကြက်ဥအနှစ်ကိုချေထည့်ပြီး ကျွေးပါ။ ကြက်ချေးအရောင်ကို သေချာကြည့်ပြီး သက်ဆိုင်ရာ တိကုနဲ့ တိုင်ပင်စေချင်ပါတယ်။

အိမ်မွေးကြက်ပါအစာမစားတစ်ကောင်ထဲကွဲထွက်နေပိးကုပ်နေလို့ဘာဆေးဝါးနဲ့ဘယ်လိုကုရမလဲ‌ဖြေပေးပါအုံးရှင့်

လွန်ခဲ့သော ၁ လ က

စမ်းကြည့်ချင်နေတာဗျာ။ ရလာဒ်လေး ပြောပြပေးပါဦး

ဂျီဗာမရုသမ်ဆေးရည်ပြုလုပ်ရာမှာ ၁ဧကစာ ၂၀၀ လီတာဖော်စပ်ရမယ်လို့ သိရပါတယ် အဲဒါက ရေမရောပဲ ဖြန်းရတာလား ကြက်သွန်နီအတွက် လီတာ ၃၀၀ လုပ်ထားပါတယ် မြေခံအတွက် ဖြန်းချင်ပါတယ် ရေရောရမှာလား မရောရဘူးလား သိပါရစေဆရာတို့

လွန်ခဲ့သော ၁ လ က

18.9.2026(Thursday)မန္တလေးသီးနှံစျေးနှုံးများ နှမ်းနက် - ( 45 ပိဿာ ) - 460000 / 520000 နှမ်းဖြူ - (45 ပိဿာ ) - နှမ်းဖြူ(jp)- ( 45 ပိဿာ ) - 480000 ဆောင်းနှမ်း - ( 45 ပိဿာ ) - နှမ်းညို- ( 45 ပိဿာ ) - 460000 ပန်းနှမ်း - (45 ပိဿာ ) - 345000

နှမ်းစျေး သိချင်ပါတရ်

လွန်ခဲ့သော ၁ လ က

ငရုတ်ဆိုရင်တော့ အရိပ်နည်းနည်းကျတဲ့နေရာမှာလည်း အဆင်ပြေတယ်

ခရမ်းချဉ်ကနေရောင်ခြည်အနည်းငယ်ရတဲ့ အရိပ်အောက်မှာ စိုက်လို့ရပါသလား ?

လွန်ခဲ့သော ၁ လ က

ရပါတယ်။ အဓိက ပက်ကြားတွေထပြီး မြေကြီးခြောက်သွေ့မသွားရင် ရပါပြီ။

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ

လွန်ခဲ့သော ၂ လ က

ဆာဖိုးသားက စပါးမျိုးလား?

ဆာဖိုးသား ဘယ်စျေးပေါက်လည်းဗျ ရိတ်ကတော့မာမို့လို့ပါ စျေးကွာနေမာစိုးလို့

လွန်ခဲ့သော ၂ လ က

ရေဆင်းပဲပုပ် - ၁၁ • သက်တမ်းအားဖြင့် ( ၁၁၀ - ၁၂၀ ) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ ( ၄၅ ) ရက်ခန့် ရှိပါသည်။ • တစ်ပင်ပါ သီးတောင့် ( ၃၅ - ၅၀ ) ရှိပြီး တစ်တောင့်ပါ အစေ့ (၃) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၁၈ - ၁၉) ဂရမ်ရှိပါသည်။ အစေ့အရောင်မှာ အဝါရောင်ရှိပြီး ချက်အရောင်မှာ အနီရောင်ဖြစ်ပါသည်။ • တစ်ဧက အထွက်နှုန်းမှာ (၂၃ - ၂၈ ) တင်းဖြစ်ပါသည်။

ရေဆင်းပဲပုပ် ၁၁ အကြောင်းပြောပြပါ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။