အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,748
လွန်ခဲ့သော ၄ ပတ် က · ချောက်

ဆရာကြည့်ပေးပါအူးဗျ ခရမ်းခေါင်း သီးလုံးဖောက်ပိုးစတွေ့နေရပီ အများကြီးမဟုတ်ပေမဲ့တစ်လုံးစ နှစ်လုံးစတော့တွေ့နေရပီ...

ဆရာကြည့်ပေးပါအူးဗျ ခရမ်းခေါင်း သီးလုံးဖောက်ပိုးစတွေ့နေရပီ အများကြီးမဟုတ်ပေမဲ့တစ်လုံးစ နှစ်လုံးစတော့တွေ့နေရပီ အောက်ကပေါင်းပင်လဲရှင်းထားပါတယ်ဆရာ အရင် 24 ရက်နေ့က ဒယ်ဘလယ် ကောင်းတယ်ဆိုလို့ ဒယ်ဘလယ်နဲ့မိုနိုကေးဖျန်းထားတယ်ဆရာ ဒီနေ့ မန်ကိုဇက်နဲ့ ဖော်ယူဖျန်းထားတယ်ဆျာ ဖော်ယူက သီးလုံးဖောက်ပိုးနိုင်လားဆရာ သီးလုံးဖောက်ပိုးနည်းအောင် ဘယ်လိုတွေ ဂရုစိုက်ပေးရမလဲဆျာ ခရမ်းက 1 ပိသာ 3200 လောက်ရတော့ စျေးလေးမဆိုးဘူးပေါ့ဆရာ ခရမ်းချဥ်ကတော့ 1ပိသာ 1000 ဆိုတော့ သေချာတာတစ်ခုတော့ကိုယ့်အတွက် အခုမှ သီးလုံးဖောက်တာပါဆျာ ဒီနေ့ကောဆို ဆေးနှစ်ပတ်ရှိပီဆရာ အကြံပေးပါအူးနော့ဆျာ

ပိုးမွှားရောဂါ ခရမ်းသီး
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

348,307 လွန်ခဲ့သော ၄ ပတ် က
ဤအဖြေဖြင့် ပြေလည်

ခရမ်းသီး သီးလုံးဖောက်ပိုးကို ထိရောက်စွာ နှိမ်နင်းရန်အတွက် ဆေးဖျန်းရုံတင်မကဘဲ ရောဂါရနေသော အသီးနှင့် အညွန့်များကို တွေ့တွေ့ချင်း ဆွတ်ခူးပြီး စိုက်ခင်းအပြင်ဘက်တွင် မီးရှို့ သို့မဟုတ် မြေမြှုပ်ဖျက်ဆီးပစ်ရန် အရေးကြီးဆုံး ဖြစ်ပါတယ်။ တောင်သူကြီး အသုံးပြုထားသော ဆေးများသည် ကောင်းမွန်သော်လည်း ပိုးယဉ်ပါးမှု မဖြစ်စေရန်အတွက် Chlorantraniliprole သို့မဟုတ် Flubendiamide ကဲ့သို့သော ဆေးအုပ်စု (၂၈) ဒိုင်အာမိုက်ဆေးများနှင့် စပီနိုဆတ် (Spinosad) ဆေးဝါးများကို လှည့်ပတ်အသုံးပြုပေးရပါမယ်။ ဆေးဖျန်းရာတွင် လောက်ကောင်ငယ်များ လှုပ်ရှားချိန်ဖြစ်သော ညနေစောင်းအချိန်ကို ရွေးချယ်ဖျန်းပေးပါက ပိုမိုထိရောက်ပါတယ်။ ယခုအချိန်သည် ခူးဆွတ်နေသည့် ကာလဖြစ်၍ ဆေးဖျန်းပြီးနောက် သတ်မှတ်ထားသော ဆေးနားရက် (PHI) ကိုလည်း အတိအကျ လိုက်နာရပါမယ်။

9,748 လွန်ခဲ့သော ၄ ပတ် က

ဟုတ်ဆျာကျေးဇူးပါခင်ဗျ

You

ဆက်စပ်မေးခွန်းများ

ကျနော်မြေဩဇာပစ္စည်း အပင်စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ပစ္စည်းတေရောင်ူပါတယ်။ နွားချေးမြေဩဇာကို ပုံမှန် အခြောက်...

ဖြေကြားချက် 2 ခု

ခရမ်းသီးလုံးဖောက်ပိုးတွေ အရမ်းဆိုးနေလို့ ဆေးကောင်းကောင်းလေး လမ်းညွှန်ပေးပါအုံး ဆရာတို့

ဖြေကြားချက် 1 ခု

ဆရာခင်ဗျ ခရမ်းချဥ်နဲ့ ခရမ်းခေါင်းအတွက် ဆေးဖျန်းချင်လို့ပါခင်ဗျ ဘာအရောအရင်ဖျန်းရမယ်မသိလို့ပါ မန်ကိုဇက် မိုနို...

ဖြေကြားချက် 3 ခု

ဖော့စဖရပ် နှင့် ပိုတက်စီယမ် နှစ်မျိုးပါတဲ့အစာအိတ်များပြောပြပေးပါဉီးဗျာ

ဖြေကြားချက် 2 ခု

မြက်သတ်ဆေးဖျန်းထားပါတယ် ခရမ်းခင်းအတွက် ဘယ်လောက်ထိစောင့်ရမလဲ မြက်သတ်ဆေးဖျန်းထားတဲ့ မြေကိုဘယ်လိုပြင်ပေးသင့်သလဲ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။