မြက်သတ်ဆေးဖျန်းထားပါတယ် ခရမ်းခင်းအတွက် ဘယ်လောက်ထိစောင့်ရမလဲ မြက်သတ်ဆေးဖျန်းထားတဲ့ မြေကိုဘယ်လိုပြင်ပေးသင့်သလဲ...
မြက်သတ်ဆေးဖျန်းထားပါတယ် ခရမ်းခင်းအတွက် ဘယ်လောက်ထိစောင့်ရမလဲ မြက်သတ်ဆေးဖျန်းထားတဲ့ မြေကိုဘယ်လိုပြင်ပေးသင့်သလဲ မြေကို ပြင်ရန်အတွက်ဖြေးပေးပါ
မြက်သတ်ဆေးဖျန်းထားပါတယ် ခရမ်းခင်းအတွက် ဘယ်လောက်ထိစောင့်ရမလဲ မြက်သတ်ဆေးဖျန်းထားတဲ့ မြေကိုဘယ်လိုပြင်ပေးသင့်သလဲ မြေကို ပြင်ရန်အတွက်ဖြေးပေးပါ
ဟုတျကဲ့ ပါ
ပေါင်းသေဖို့ ၁၀ရက်၊အမှိုက်တွေစုပုံမီးရှို့၊ထယ်ရေးပြင် ချိန်နဲ့ဆိုရင်၂၀-၂၅ရက်ကြာမှာပဲလေ။ခရမ်းစိုက်ချိန်မှာ တလ လောက်ခြားရင် ရပါပြီ။ မြေပြင်ဖို့အတွက်ဆိုရင် ဂျစ်ဆန်၁အိတ်+ကေဟူးမစ်၂ထုပ်ကို သဘာဝမြေဆွေးများများနဲ့ မြေပြင်ပေးပါ။ အဆင်ပြေပါတယ်။
ခရမ်းချဉ်ပင်သည် ပေါင်းသတ်ဆေး ဓာတ်ကြွင်းများကို အလွန်ခံနိုင်ရည်နည်းပြီး ထိခိုက်လွယ်သောကြောင့် ပုံမှန်အားဖြင့် ဆေးဖျန်းပြီးနောက် အနည်းဆုံး ၇ ရက်မှ ၁၄ ရက် (ဂလိုင်ဖိုဆိတ်ကဲ့သို့ ပင်လုံးပျံဆေးများအတွက်) စောင့်ဆိုင်းရမည်ဖြစ်ပြီး၊ ကြွင်းကျန်မှုကြာသော ဆေးများဖြစ်ပါက ၃ ပတ်မှ ၄ ပတ် (တစ်လခန့်) အထိ စောင့်ဆိုင်းသင့်ပါတယ်။ မြေပြင်ရာတွင် ဆေးဓာတ်ပြယ်စေရန် ပေါင်းပင်ခြောက်များကို အမြစ်ပါမကျန် စနစ်တကျ ရှင်းလင်းခြင်း၊ မြေကို နက်နက်လှန်၍ ထွန်ယက်ပေးခြင်း၊ နွားချေးဆွေး သို့မဟုတ် အော်ဂဲနစ်မြေဩဇာ ခပ်များများထည့်၍ မြေဆီလွှာကို ပြန်လည်ပြုပြင်ခြင်းနှင့် အစိုဓာတ်ရအောင် ရေသွင်းပေးခြင်းတို့ကို လုပ်ဆောင်ရပါမယ်။ တစ်ခင်းလုံး မစိုက်ပျိုးမီ အပင်အနည်းငယ်ဖြင့် စမ်းသပ်စိုက်ပျိုးကြည့်ခြင်း သည် အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဖော့စဖရပ် နှင့် ပိုတက်စီယမ် နှစ်မျိုးပါတဲ့အစာအိတ်များပြောပြပေးပါဉီးဗျာ
ဖြေကြားချက် 2 ခု
ဆရာကြည့်ပေးပါအူးဗျ ခရမ်းခေါင်း သီးလုံးဖောက်ပိုးစတွေ့နေရပီ အများကြီးမဟုတ်ပေမဲ့တစ်လုံးစ နှစ်လုံးစတော့တွေ့နေရပီ...
ဖြေကြားချက် 2 ခု
ကျနော်မြေဩဇာပစ္စည်း အပင်စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ပစ္စည်းတေရောင်ူပါတယ်။ နွားချေးမြေဩဇာကို ပုံမှန် အခြောက်...
ဖြေကြားချက် 2 ခု
ခရမ်းသီးပင်တွေ အညွှန့်တွေ ငြိုးကျနေလို့ပါ ဘယ်လိုပြုပြင်ရမလဲ ဆရာတို့ ကူညီပါအုန်း။
ဖြေကြားချက် 1 ခု
ဆရာခင်ဗျ အီမာမက်တင် ဘက်ဇိုရိတ် ၁၀% လန်ဒါဆိုဒ်ဟေသရင် ၁၅% အဲ့ AI နှစ်မျိုးအပြင် အခြား AI နဲ့ ဆေးအမည်လေးပြောပေးပါ...
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။