အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
650
လွန်ခဲ့သော ၂ ပတ် က · ရပ်စောက်

ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမ...

ကျနော့်မိတ်ဆွေနဲ့ ဆရာ့ဆရာများ ကျနော့် စပါးခင်းထဲ က ဒီပေါင်းလေး မနိုင်လို့ပါ ဘယ်လို နိုင်နင်းရမလဲဘယ်ဆေး သုံးရမလဲ ဖြေပေးပါ/ရွှေနဂါးပေါင်းဝေး/ ဘစ်ဘန်း/ တရုတ်ထုပ် ဆေးမုန့်ဝါ / ဒါတွေ သုံးပြီးပါပြီ

စိုက်ပျိုး ဗဟုသုတ စပါး
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

ရေထုတ်ပြီး၊တူးဖိုးဒီ အုပ်စု ပေါင်းသတ်ဆေးဖျန်းပါ။ ဆေးဖျန်းပြီး တပတ်လောက်ဆိုရင်၊မြေဩဇာ ကျွေးလိုက်ပါ။ပြီးမှ ရေပါးပါးပြန်သွင်းပါ။

348,989 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

ပုံပါအတိုင်း စပါးခင်းထဲတွင် အမြစ်စွဲအားကောင်းပြီး ပြိုင်ဆိုင်ပေါက်ရောက်နေသော အပင်မှာ "ရေကညွတ်"ပေါင်း" ဖြစ်ပြီး ၎င်းသည် ရွက်ပြန့်ပေါင်း အမျိုးအစား ဖြစ်ပါတယ်။ တောင်သူဦးကြီး အသုံးပြုခဲ့သော ဆေးများမှာ မြက်မျိုးရင်းဝင် ရွက်ချွန်ပေါင်းများအတွက်သာ အဓိကဖြစ်၍ ယခုပေါင်းကို နှိမ်နင်းနိုင်ခြင်း မရှိဘဲ ဆေးယဉ်ပါးမှု ဖြစ်နေခြင်း ဖြစ်ပါတယ်။ ၎င်းကို အမြစ်ပြတ်ရန်အတွက် 2,4-D Dimethyl Amine ကဲ့သို့သော ရွက် ပြန့်ရွေးချယ်ပေါင်းသတ်ဆေးများကို ပြောင်းလဲအသုံးပြုရပါမယ်။ ဆေးမဖျန်းမီ စိုက်ခင်းထဲမှ ရေကို ကုန်စင်အောင် ထုတ်ပစ်ရန် လိုအပ်ပြီး၊ ဆေးဖျန်းပြီး (၂-၃) ရက်အကြာတွင် ရေကို (၂ လက်မခန့်) ပြန်သွင်း၍ (၅-၇) ရက်ခန့် အိုင်နေအောင် ထိန်းထားပေးခြင်းဖြင့် ပေါင်းပင်များကို ထိရောက်စွာ အမြစ်ပြတ် သေဆုံးစေနိုင်ပါတယ်။

650 လွန်ခဲ့သော ၂ ပတ် က

ဖြေပေးသူများအားလုံးကို ကျေးဇူးတင်ပါသည် ဒီနေ့ ဖျန်းလိုက်ပါပြီခင်ဗျ

285 လွန်ခဲ့သော ၂ ပတ် က

24Dဆေးသေလောက်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။