အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
45
လွန်ခဲ့သော ၂ ပတ် က · မြို့သစ်

မည်သည့်ရောဂါကျရောက်သလဲ.မည်သို့ကုသရမည်လဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၃ ရက်
ပိုးမွှားရောဂါ စပါး
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၂ ပတ် က

ရေပမာဏများပြီး၊လှောင်တာကြာရင် ဒီပြဿနာမျိုး ဖြစ်တာပါပဲ။ ရေထုတ်ပါ၊အမြစ်ဇုံ လေရှူခွင့်ပေးပါ။ ဂျစ်ဆန်+ပိုတက်ခ်ျ မြေဩဇာပက်ကျွေးပါ။ပြီးမှ ရေပါးပါးပြန်ထည့်ထားပါ။တပတ်လောက်ဆို၊ပြန်စိမ်းလာမှာပါ။ပြီးမှ Nနဲ့ Kကျွေးပါ။

348,957 လွန်ခဲ့သော ၂ ပတ် က

ပုံပါစပါးပင်သည် ဇင့် (သွပ်ဓာတ်) ချို့တဲ့သည့် လက္ခဏာနှင့် အလွန်နီးစပ်နေပြီး စိုက်ခင်းအတွင်း ရေသွင်းရေထုတ်မလုပ်ဘဲ ရေဝပ်နေခြင်းက ဤပြဿနာကို ပိုမိုဆိုးရွားစေပါတယ်။ ထို့အပြင် အရွက်များ လိပ်ပြီး ခြောက်နေခြင်းသည် လှေးပိုးကဲ့သို့ ဖျက်ပိုးများကြောင့်လည်း ဖြစ်နိုင်သဖြင့် အရွက်လိပ်များကို ဖြည်ကြည့်၍ ပိုးကောင်ငယ်များနှင့် ပိုးချေးများ ရှိ၊ မရှိ အရင်ဆုံး အတည်ပြုရန် လိုအပ်သေးတာ်။ ပြုစုကုသရန်အတွက် စိုက်ခင်းအတွင်းရှိ ရေဟောင်းများကို ဖောက်ထုတ်၍ မြေအခြောက်ခံကာ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးရမည်ဖြစ်ပြီး၊ အပင်အမြန်ပြန်လည်နာလန်ထူလာစေရန် ဇင့် ပါသောအနည်းလို ရွက်ဖျန်း အားဆေးကို အမိုင်နိုအက်စစ်ဖြင့်ဖျန်း ပေးပြီး 15:15:15ပတ်လည်မြေဩဇာ ကြဲပက်‌ ကျွေးပေးရပါမယ်။ ပိုးမွှားဒဏ်နှင့် အဟာရချို့တဲ့မှုကို ပိုမိုမဆိုးရွားစေရန် ယူရီးယား (ပုလဲ) မြေသြဇာ အလွန်အကျွံကျွေးခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။