အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကျော်မင်းသန့်
လွန်ခဲ့သော ၄ ရက် က · ဘုတလင်

နှမ်းခင်းပုလဲကျွေးခြင်လို့ဘယ်ချိန်မှာကျွေးရမလဲ?တဧကကိုဘယ်နပြည်ကျွေးရလဲဗျ

အပင်အာဟာရ နှမ်း

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,120,218 လွန်ခဲ့သော ၄ ရက် က
ဤအဖြေဖြင့် ပြေလည်

အညာ ဒေသ နှမ်းခင်းကို ပုလဲကျွေးခြင်းအတွက် သတိပြုရန် လိုအပ်တာကတော့၊ အစိုဓာတ်လုံလောက်ဖို့ရယ်၊ ရာသီဥတု အေးတဲ့အချိန်ဖြစ်ဖို့လိုပါတယ်။ မိုးရွာနေစဉ်/ရွာမည့်ဆဲဆဲ မှာ တဧကယူရီယား ၄ပြည်နုန်းလောက်ကို ပက်ကျွေးနိုင်ပါတယ်။

ကျော်မင်းသန့်
ကျော်မင်းသန့် 517 လွန်ခဲ့သော ၃ ရက် က

နွားချေးမှုန့်နဲရောကျွေးလို့ရလားဗျ

သော်ဇင်
သော်ဇင် 371,219 လွန်ခဲ့သော ၄ ရက် က

နှမ်းခင်းတွင် ပုလဲ (ယူရီးယား) မြေဩဇာကို အပင်သက်တမ်းအလိုက် (၂) ကြိမ် ခွဲကျွေးရပါမယ်။ ပထမအကြိမ်အဖြစ် နှမ်းမကြဲမီ မြေပြင်ချိန်တွင် တစ်ဧကလျှင် ပုလဲမြေဩဇာ ကို တီစူပါ၊ ပိုတက်ရှ်တို့နှင့် ရောစပ်၍ မြေခံအဖြစ် ထည့်သွင်းရပါမယ်။ ဒုတိယအကြိမ်အဖြစ် အပင်သက်တမ်း ၂၀ ရက်မှ ၃၀ ရက်သား (ပန်းမပွင့်မီ ပေါင်းလိုက်ပြီးစအချိန်) တွင် တစ်ဧကလျှင် ပုလဲ (အိတ်လေးပုံတစ်ပုံ) ကို မြေအစိုဓာတ်ရှိခိုက် ကြားဝင်ပက်ကြဲပေးရပါမယ်။ ပုလဲမြေဩဇာတစ်မျိုးတည်း အလွန်အကျွံကျွေးပါက အပင်လဲလွယ်ပြီး ပိုးမွှားကျရောက်တတ်သဖြင့် အချိုးကျခွဲကျွေးရန် အရေးကြီးပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား

ဖြေကြားချက် 1 ခု

ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ

ဖြေကြားချက် 3 ခု

မင်္ဂလာပါခမျာ မြိုင်မြို့နယ်ကပါဗျ။ ပီးခဲ့တဲ့ စက်တင်ဘာ 13 ရက်နေ့ကစိုက်ထားတာပါဗျ။ပုလဲဓာတ်‌မြေဩဇာတကြိမ်တော့ပတ်ထား...

ဖြေကြားချက် 7 ခု

နှမ်းပင်ပေါက်လေးတွေပါ ပိုးတွေကျနေလို့ပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးကောင်လဲ ဘယ်လို‌အကေါင်က ပေါက်တာလဲ

ဖြေကြားချက် 1 ခု

နှမ်းပင်းပေါက်‌လေတွေပါ ပုံထဲကလို့ ‌ပိုးလေးတွေကျနေလိုပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးအမျိုးအစားလဲ ဘယ်လိုအကောင်က...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။