အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Hnin Yi Aung
Hnin Yi Aung 85
လွန်ခဲ့သော ၁ နာရီ က · မြစ်ကြီးနား

ခရမ်းချဥ်ပင်တွေ ညိုးကျလာလို့ပါရှင် ပင်စည်ဖြတ်ကြည့်တော့လည်း အကောင်းပါပဲ အမြစ်လည်းအဆင်ပြေတယ် ဘာဖြစ်လို့လဲရှင် တစ်ပင်စ နှစ်ပင်စကနေ အခုတော်တော်လေး ညိုးလိုက်လာလို့ပါ ​ဖြေပေးကြပါဦးရှင် ဆရာတို့

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 376,026 လွန်ခဲ့သော ၄၉ စက္ကန့် က

ခရမ်းချဉ်ပင် ရုတ်တရက် ညှိုးကျရခြင်းမှာ Bacterial Wilt (ဘက်တီးရီးယားညှိုးရောဂါ) ဖြစ်နိုင်ခြေအများဆုံးပါ၊ ပင်စည်ကိုဖန်ခွက်ထဲထည့်ကြည့်ပြီးလို့ ဘက်တီးရီးယားစိမ့်ထွက်ရည် ထွက်မထွက်ကို ပြန်လည်ပြောထားပေးပါဦး။ ဘက်တီးရီးယားကြောင့် မဟုတ်ပါက ရောဂါပိုးကြောင့်မဟုတ်သော Physiological disorders (ရုပ်ကမ္မဆိုင်ရာ ချို့ယွင်းချက်များ) ကြောင့် ဖြစ်နိုင်ခြေ လည်းရှိပါ သေးတယ်။ အထူးသဖြင့် မြေဆီလွှာ ကျစ်လစ်လွန်းခြင်း သို့မဟုတ် မိုးအဆက်မပြတ်ရွာပြီး ရေဆင်းမကောင်းဘဲ ရေဝပ်ခြင်းကြောင့် အမြစ်များ အောက်ဆီဂျင်ပြတ်လပ်ကာ ဆွေးမြည့်ခြင်း ၊ ပင်ခြေကို ဓာတ်မြေဩဇာ အလွန်အကျွံ ကျွေးမိခြင်း နှင့် အပင်ကို ပြင်းထန်စွာ ရေငတ်ထားပြီးမှ ရေရုတ်တရက် တစ်ဝကြီး သွင်းလိုက်ခြင်း တို့ကြောင့် အမြစ်စနစ်များ ပျက်စီးကာ အပင် ညှိုးသေသွားတတ်ခြင်း ဖြစ်နိုင်သေးလို့ပါ။ ပင်စည်ရေစိမ် Testလုပ်ပြီး ရလဒ်ကိုပြန်ပြောပေးပါဦး

Thein Soe Min
Thein Soe Min အတည်ပြုပြီး 325,156 လွန်ခဲ့သော ၄ မိနစ် က

ဟုတ် ဘက်တီးရီယားကြောင့် ညှိုးကျသွားတဲ့အပင်ကတော့ ကုလို့မရတော့ပါဘူး။ ညှိုးနေတဲ့အပင်အားလုံးကို နှုတ်ပြီး မီးရှို့ပစ်ပါ။ ရောဂါရအပင်ရဲ့ ဘေးပတ်လည်မှာရှိတဲ့ အပင်ကောင်းတွေကို ကူးစက်မှုဒဏ်ကနေ သက်သာစေဖို့အတွက် Bacillus subtilis သို့မဟုတ် Trichoderma ကဲ့သို့သော အကျိုးပြုဇီဝပိုး အမှုန့်များကို ဖျန်းပေးခြင်း သို့မဟုတ် Copper oxychloride ကဲ့သို့သော ဘက်တီးရီးယားပိုးသတ်ဆေးဖြင့် ပင်ခြေမြေကြီးထဲသို့ ဆေးရည်လောင်းပေးပါ။

Hnin Yi Aung
Hnin Yi Aung 85 လွန်ခဲ့သော ၃၇ မိနစ် က

ဟုတ်ကဲ့ပါဆရာ အဲ့လိုဖြစ်ရင် ကုမရတော့ဘူးဆိုတာရော ဟုတ်လားရှင်

Thein Soe Min
Thein Soe Min အတည်ပြုပြီး 325,156 လွန်ခဲ့သော ၅၂ မိနစ် က

ပင်စည်ကို ဖြတ်ပြီး ဖန်ခွက်အကြည်လေးထဲမှာ ရေထည့်ပြီး ထည့်ကြည့်လိုက်ပါ။ အဖြူရောင်အမျှင်လေးတွေ ဆင်းကျနေရင် ဘက်တီးရီးယား ပင်ညှိုးဖြစ်နေတာပါ။ ခရမ်းချဉ် ပင်ညိုးရောဂါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာခင်ဗျ ဆိုင်မိုဇနေးနဲ့မီသိုမော့ကိုမန်ကိုဇက်နဲ့ရောပြီးတလည့်စီဖြန်းပါတယ်ခင်ဗျဘယ်ဆေးအထိရောက်ဆုံးဖြစ်မလည်းဆရာ

ဖြေကြားချက် 7 ခု

ဆရာ ညနေဆေးဖျန်းချင်လို့ ရောဂါကင်းလားကြည့်ပေးပါအူး ညနေ အမိုင်နိုနဲ့မင်းသားဖျန်းချင်တယ်ဆရာ ရှယ်ပီကေပါထည့်ချင်...

ဖြေကြားချက် 2 ခု

ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမ...

ဖြေကြားချက် 3 ခု

ဆရာမိုးရွာတော့မလားခင်ဗျ ခရမ်းချဥ်ပင်တွေလဲရေအတော်လေးလိုနေပြီ အသီးတွေကမကြီးနိုင်အပင်တွေလဲနွမ်းလျပီ ချောက်မြို့...

ဖြေကြားချက် 2 ခု

ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြော...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။