ခရမ်းချဉ် ပင်ညိုးရောဂါ

11/01/2018 16:36 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ခရမ်းချဉ် ဘက်တီးရီးယား ပင်ညှိုးရောဂါကို အင်္ဂလိပ်အမည် Bacterial wilt ဟု ခေါ်ဆိုကြပါသည်။ Ralstonia solanacearum ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွားပါသည်။

ရောဂါလက္ခဏာ

ရောဂါရအပင်၏ ထိပ်ပိုင်းရွက်နုများသည် အဝါရောင်ပြောင်းလဲခြင်းမရှိဘဲ စတင်ညှိုးလာသည်။ နောက်(၂-၃) ရက် အကြာတွင် တစ်ပင်လုံး ညှိုးလာသည်။ မြေပြင်နှင့်ကပ်လျှက် ရှိသည့် ပင်စည်ပိုင်းကိုဖြတ်၍ရေကြည်ကြည် ထည့်ထားသည့် ဖန်ခွက်တွင် စိမ်ကြည့်ပါက ဘတ်တီးရီးယား စိမ့်ထွက်ရည်များကို နို့နှစ်ရောင်၊ အဖြူရောင် အမျှင်တန်းများအဖြစ် တွေ့ရသည်။ ခွဲကြည့်လျှင် ပင်စည်အတွင်းရှိ အစာကြော၊ ရေကြောများ အညိုရောင်ပြောင်းလဲနေသည်။

ကူးစက်ပျံ့နှံ့ပုံ

မြေဆောင်ရောဂါတစ်မျိုး ဖြစ်သည်။ ရောဂါဖြစ်သော ဘက်တီးရီးယားသည် မြေကြီးထဲတွင် နေထိုင်ပြီး ပြောင်းရွှေ့စိုက်ပျိုးရာတွင် ဖြစ်ပေါ်သော အမြစ်ဒဏ်ရာများ၊ မြေတွင်းအောင်း နီမဟုတ် အပါအဝင် အခြားအင်းဆက်ပိုးမွှားများ ကိုက်ဖြတ်စားသောက်ခြင်းမှ ဖြစ်သော ဒဏ်ရာများမှ အပင်တွင်း ဝင်ရောက်၍ရောဂါ ဖြစ်စေသည်။ မြေတွင်းအစိုဓာတ်များခြင်းသည် ဘက်တီးရီးယားများ ရှင်သန်ပေါက်ပွားမှု၊ ရောဂါဖြစ်စေမှု၊ မြေကြီးတွင်းပျံ့နှံ့မှုကို ပိုမိုဖြစ်စေသည်။ မြေချဉ်ငန်ဓာတ် (၇) အောက်တွင် ပိုမိုပွားများသည်။

ကာကွယ်နှိမ်နှင်းနည်းများ

_ ခံနိုင်ရည်ရှိသော မျိုးကို သုံးပါ။

_ ရောဂါရအပင်ကို ချက်ချင်းနှုတ်ယူ ဖျက်ဆီးမီးရှို့ပါ။

_ မြေတွင်းအောင်း အင်းဆက်ပိုးမွှားများနှင့် နီမတုတ်များကို ကြိုတင်ကာကွယ်ပါ။

_ ပြောင်းရွှေ့စိုက်ပျိုးစဉ် အမြစ်များ ဒဏ်ရာမရအောင်ဆောင်ရွက်ပါ။

_ စိုက်ဘောင်၊ စိုက်ခင်းရေမဝပ်စေရန်ဆောင်ရွက်ပါ။

_ ခရမ်းချဉ်မျိုးရင်းမဟုတ်သည့် သီးနှံများဖြစ်သော စပါး၊ ပြောင်း၊ ပဲ၊ ပဲပုပ်၊ ဂေါ်ဖီထုပ်၊ ကြံ၊ ဝါ စသည်တို့နှင့် သီးလှည့် စိုက်ပျိုးပါ။

_ မြေချဉ်ငန်ဓာတ်( ၇.၅_ ၇.၆) ရရှိစေရန်ဆောင်ရွက်ပါ။ ထုံးထည့်ပေးပါ။

_ ထယ်နက်နက်ထိုးပြီးမြေလှန်ပေးပါက မြေကြီးအပေါ်သို့ရောက်ရှိလာသော နီမတုတ်များသည် မြင့်မားသော အပူချိန်ကြောင့် သေစေသည်။

ကိုးကား-ခရမ်းချဉ် ပိုးမွှားရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်