အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောပ်တိုးတတ်
လွန်ခဲ့သော ၁၆ နာရီ က · ပုသိမ်ကြီး

မန်ကိုဇက်ရယ်အဇိုဇီကိုနာဇောရယ်ကာတတ်ရယ်စေးကပ်ရေရောဖျန်းကောင်းလား

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂ ရက်
စိုက်ပျိုးနည်း ဂန္ဓမာ
Post image

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,120,770 လွန်ခဲ့သော ၁ နာရီ က

တကြိမ်တည်းနဲ့၊ဆေးအမျိုးအမည်တွေ ၃,၄မျိုးရောဖျန်းခြင်းက၊မူရင်းဆေး အာနိသင်ကို အနှောင့်အယှက်ဖြစ်တတ်ပါတယ်။အရေးကြီး ထိရောက်မယ့် ဆေး၂မျိုး သာ ရောသင့်ပါတယ်။ ရက်ခြားပြီးမှ နောက်ဆေးကိုဖျန်းရင် ပိုသဘာဝကျပါတယ်။

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,599 လွန်ခဲ့သော ၅ နာရီ က

ကန္ဓမာရွက်များဆိုးဝါးတဲ့မှိုရောဂါကျနေလို့မန်ကိုဇက်တို့မယ်တယ်လက်စီတို့ကိုတစိပတ်ခြားနှစ်ခြားဖျန်းပေးပါ

သော်ဇင်
သော်ဇင် 380,063 လွန်ခဲ့သော ၇ နာရီ က

ပုံပါ ဂန္ဓမာရွက်များတွင် ဖြစ်ပွားနေသော ရောဂါမှာ စိုထိုင်းဆများပြီး လေဝင်လေထွက် မကောင်းခြင်းကြောင့် ဖြစ်တတ်သည့် အော်တာနေးလ်ရီးယားရွက်ပြောက်ရောဂါ (Alternaria Leaf Spot) ဖြစ်ပါတယ်။ ၎င်းမှိုရောဂါကို ကာကွယ်ရန် ပထမဦးစွာ ရောဂါရနေသော အောက်ခြေအရွက်များကို ဆိတ်ဖယ် မီးရှို့ဖျက်ဆီးပစ်ရပါမယ်။ ထို့နောက် စိုက်ခင်းအတွင်း လေဝင်လေထွက်နှင့် နေရောင်ခြည် ကောင်းစွာရရှိစေရန် ဆောင်ရွက်ပြီး၊ အပင်ပေါ်မှ ရေလောင်းခြင်းကို ရှောင်ကြဉ်ကာ အပင်ခြေကိုသာ ရေပေးရပါမယ်။ ရောဂါပြင်းထန်ပါက အဇိုဆီစထရိုဘင် (Azoxystrobin) သို့မဟုတ် ဒိုင်ဖီနိုကိုနာဇိုး (Difenoconazole) ကဲ့သို့သော ပင်လုံးပြန့်မှိုသတ်ဆေးတစ်မျိုးမျိုးကို အရွက်အပေါ်အောက် နှံ့စပ်အောင် ပက်ဖျန်းနှိမ်နင်းနိုင်ပါတယ်။ ကာတတ်ကပိုးသတ်ဆေးပါ ပိုးမကျရင်ထည့်မဖျန်းပါနဲ့၊ မန်ကိုဇက်က ကာကွယ်အာနိသင်ပါရောငါကျပြီးမှတော့ မန်ကိုဇက်မဖျန်းသေးပဲ Azoxystrobin+ Difenoconazole ဆေးအရင်ဖျန်းပြီး ရောဂါဆက်လက်ပျံ့ပွားမှုရှိမရှိစောင့်ကြည့် ရောဂါရပ်တန့်ပြီဆိုရင် မန်ကိုဇက်နောက်တစ်ကြိမ်ဖျန်းပေးချင်လည်းရပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။