ဖြေကြားချက် ၁ ခု
ခရမ်းချဉ်ကို နိုဝင်ဘာလ (ဆောင်းရာသီအစ) တွင် စိုက်ပျိုးခြင်းသည် အလွန်အဆင်ပြေရုံသာမက အကောင်းဆုံးနှင့် အောင်မြင်မှုအရှိဆုံး စိုက်ပျိုးချိန် ဖြစ်ပါတယ်။ ဆောင်းရာသီ၏ အေးမြခြောက်သွေ့သော ရာသီဥတုသည် ခရမ်းချဉ်ပင်ကို သန်မာထွားကျိုင်းစေပြီး၊ အပူလွန်ကဲမှုမရှိသဖြင့် အဖူးအပွင့်များ မကြွေဘဲ သီးကင်းအထွက်နှုန်း များစေပါတယ်။ မိုးရာသီနှင့် နှိုင်းယှဉ်ပါက မှိုရောဂါကျရောက်မှုလည်း သိသိသာသာ နည်းပါးပါတယ်။ သို့သော် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျရောက်တတ်သော နှင်းခါးရိုက်ခြင်းနှင့် လောင်မည်းမှိုရောဂါများကို ကာကွယ်ရန် မှိုသတ်ဆေး ကြိုတင်ဖျန်းပေးခြင်းနှင့် စိုက်ခင်းအစိုဓာတ် မှန်ကန်အောင် ရေသွင်းပေးခြင်းတို့ကို အထူးဂရုစိုက်ရန် လိုအပ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ်ပင်မှာလက်ရှိကြနေတဲ့ရောဂါနှစ်မျိုးပါ ဘယ်ဆေးသုံးပီးဘယ်လိုကုသရမလဲဗျ
ဖြေကြားချက် 1 ခု
ဆရာခင်ဗျရောဂါရအရွက်တွေအခုလိုရှင်းထားပါတယ်ခင်ဗျဇော်ဗက် 40စီစီ ဖြန်းပြီးစိုးရိမ်စိတ်နဲ့3ရက်လောက်ခြားပြီးမန်ကို...
ဖြေကြားချက် 5 ခု
မာလာဝတီမျိူးပါ 10လပိုင်း12ရက်နေ့က ပုံပါ ဝင်းနားမိူသတ်ဆေးနှင့် မင်ဂိုဇက်5ဇွန်း ထည့်ဖျန်းထားပါတယ် ခုရက်ပိုင်း...
ဖြေကြားချက် 1 ခု
ဆရာတို့ဗျ ခရမ်းချဥ် ပံ ၁၁၁ မျိုးပါ မိုးတွင်းစိုက်ထားတော့ အပင် အားမရဘူးဖြစ်နေတာ အရွက်တွန့်နေတာပါ ငယ်ငယ်က ရေလဲ...
ဖြေကြားချက် 5 ခု
ဆရာခင်ဗျ ဘာဆေးဖြန်းရမလည်းခင်ဗျ
ဖြေကြားချက် 6 ခု