အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
U Yan
U Yan 10,758
လွန်ခဲ့သော ၁ ပတ် က · ချောက်

ဆရာ 909 ခရမ်းချဥ်ပင်ပါဆရာ ပထမပုံပါအတိုင်း အပင် တော်တော်များများ ဖြစ်နေလို့ပါဆရာ ဒီတစ်ခါအတော်များပါတယ်ဆရာ အချိန်ရေ 320 ကျော်တော့ခူးပြီးပါပြီ အပင်ပေါ်မှာလဲအလုံးကြီးတွေရှိနေသေးတယ် နောက်အပွင့်တွေလိုက်ပီအသီးကင်းတွေလဲ ဝင်နေပါတယ် စျေးလေးကကောင်းတော့လက်မလွှတ်ချင်သေးဘူးဖြစ်နေပါတယ်ဆရာ ဘာဆက်လုပ်ရမလဲဗျ မှိုဆေးကတော့ မက်ကိုဇက်နဲ့ ဒိုင်ဇီပဲရှိပါတယ်ဆရာ ဆေးသစ်ဝယ်မှဖြစ်မှာဆိုရင် ဒီနေ့မှာလိုက်ချင်လို့ပါဆရာ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 417,633 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

@U Yan ခရမ်းချဉ် စောပင်နာကျရောဂါ (Early Blight) ကျနေတာပါ၊ ဒီရောဂါအတွက် လက်ရှိရှိနေတဲ့ ဆေးနှစ်မျိုးထဲက ဒိုင်ဇီ (Azoxystrobin + Difenoconazole) ဟာ ဆေးအာနိသင် ကောင်းပြီး ရောဂါကို ကာကွယ်ရုံတင်မက ထိရောက်စွာ ကုသနိုင်တဲ့အတွက် အရင်ဆုံး ပက်ဖျန်းပေးရပါမယ်။ မန်ကိုဇက် (Mancozeb) ကတော့ ရောဂါထပ်မံ မပြန့်ပွားအောင် ကြိုတင်ကာကွယ်တဲ့နေရာမှာ သုံးရမှာဖြစ်လို့ ဒိုင်ဇီဖျန်းပြီး ၇-၁၀ ရက်အကြာမှာ အလှည့်ကျ ပြောင်းဖျန်းပေးပါ။ ဆေးဖျန်းရုံတင်မကဘဲ ရောဂါရနေတဲ့ အရွက်ဟောင်းတွေကို ခူးဆွတ်မီးရှို့ဖျက်ဆီးခြင်းနဲ့ စိုက်ခင်းလေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ခြင်းတို့ကိုပါ တွဲဖက်လုပ်ဆောင်မှသာ ရောဂါကို အမြစ်ပြတ် နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။(အရွက်များဖယ်ပြီးစိုက်ခင်းထဲ ဒီအတိုင်း ပစ်မထားရပါ၊ လေဒဏ် မိုးဒဏ်ကြောင့် အခြားအရွက်သစ်တွေကို ထပ်မံကူးစက်စေနိုင်လို့ဖြစ်ပါတယ်)။ ရေလောင်းရာတွင် အပင်ပေါ်မှ လောင်းခြင်း ကို ရှောင်ကြဉ်ပြီး အောက်ခြေမြေသားကိုသာ အစိုဓာတ်ရအောင် လောင်းပေးပါ။ စိုက်ခင်းအတွင်း လေဝင်လေထွက်ကောင်းအောင် ပေါင်းမြက်များ ရှင်းလင်းပေးပါ။

U Yan
U Yan 10,758 လွန်ခဲ့သော ၁ ပတ် က

ဟုတ်ဆျာ့ကျေးဇူးပါဆျာ့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။