အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုချမ်း
လွန်ခဲ့သော ၃ ပတ် က · ပြင်ဦးလွင်

အရွက်တေဒီလိုဖစ်လာလို့ပါခင်ဗျာ

ပိုးမွှားရောဂါ ဂန္ဓမာ
Post image
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 451,721 လွန်ခဲ့သော ၃ ပတ် က
ဤအဖြေဖြင့် ပြေလည်

@ကိုချမ်း ဂန္ဓမာ ရွက်ပြောက်/ပင်နာကျ ရောဂါ (Bacterial Blight) သည် ကုသရန် ခက်ခဲသဖြင့် ကာကွယ်ခြင်းကို ဦးစားပေးရပါမယ်။ ရောဂါရအရွက်များနှင့် အပင်အစိတ်အပိုင်းများကို စိုက်ခင်းမှ ချက်ချင်းဖယ်ရှား မီးရှို့ဖျက်ဆီးပြီး၊ အသုံးပြုသည့် ကတ်ကြေးနှင့် ကိရိယာများကို ပိုးသတ်ဆေးဖြင့် သေချာဆေးကြောပါ။ ဘက်တီးရီးယားများ ရေစင်ရာမှတစ်ဆင့် မကူးစက်စေရန် အပင်အပေါ်မှ ရေလောင်းခြင်းကို ရှောင်ကြဉ်ပြီး အပင်ခြေရေ ပေးစနစ် သို့မဟုတ် အစက်ချစနစ်ဖြင့် မနက်စောစောတွင်သာ ရေသွင်းပါ။ နိုက်ထရိုဂျင်မြေဩဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ပြီး ရောဂါကာကွယ်နှိမ်နင်းရန်အတွက် ကော့ပါး (Copper) ပါဝင်သော ဆေးဝါးများ သို့မဟုတ် ကာဆူဂါမိုင်စင် (Kasugamycin) , Bismerthiazole, Oxolinic acid ကဲ့သို့သော စိုက်ပျိုးရေးသုံး ဘက်တီးရီးယားသတ်ဆေးများကို အညွှန်းစာအတိုင်း စနစ်တကျ ပက်ဖျန်းပေးရပါမယ်။ဆေးတခါဖျန်းပြီး ရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြင်းရှိမရှိအမြဲစစ်ဆေးပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ကိုချမ်း
ကိုချမ်း 4,360 လွန်ခဲ့သော ၃ ပတ် က

ပြန်လည်‌ဖြေကြားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ဆရာတို့ခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,034 လွန်ခဲ့သော ၃ ပတ် က

Bacterial Leaf Spot (BLS) caused by Pseudomonas cichorii ဘက်တီးရီးယားရွက်ပြောက်ရောဂါလို့ယူဆပါတယ်။ ပူလိုက်၊စိုလိုက်ရာသီမှာ ဘက်တီးရီးယားရောဂါတွေ၊အပူ‌ေလာင်နာမှတဆင့်၊ဝင်လာတတ်ပါတယ်။ဆူဒိုမိုးနပ်စ် အမျိုးအစားဖြစ်လို့ ကုသရခက်ပါလိမ့်မယ်။

You

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။