ဖြေကြားချက် ၁ ခု
@သန်းထိုက်အောင် ပုံပါ High Tech 0-52-34 မြေသြဇာသည် နိုက်ထရိုဂျင် (N) ၀%၊ ဖော့စ်ဖရပ်စ် (P₂O₅) ၅၂% နှင့် ပိုတက်စီယမ် (K₂O) ၃၄% ပါဝင်သော မိုနိုပိုတက်စီယမ် ဖော့စ်ဖိတ် (MKP) ရွက်ဖျန်းမြေသြဇာဖြစ်ပါတယ်။ ပဲစဉ်းငုံပင် အဖူးပွင့်ချိန်နှင့် အပွင့်အားကောင်းချိန်တွင် သုံးရန် အလွန်ကောင်းမွန်ပြီး သင့်တော်လှပါတယ်။ ထိုအချိန်တွင် နိုက်ထရိုဂျင်ဓာတ် လုံးဝမပါဝင်ခြင်းကြောင့် ပင်ပိုင်းကြီးထွားမှု လွန်ကဲပြီး အပွင့်ကြွေခြင်းကို တားဆီးပေးသည့်အပြင်၊ ဖော့စ်ဖရပ်စ် ၅၂% က ပန်းပွင့်အဖူးထွက်ခြင်းကို အားပေးကာ၊ ပိုတက်စီယမ် ၃၄% က အောင်မြင်သော (သီးကင်း) တင်ခြင်းနှင့် ပဲစေ့တည်ခြင်းကို များစွာအထောက်အကူပြုစေပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပန်းဖြိုင်ဖြိုင်ပွင်ချိန်စိုရင်ရွက်ဖျန်းအာဆေးကဘာဆေးတွေပတ်ရင်အသိးတင်အားကောင်းမလဲဆရာတို့...မြို့နဲရွာကနေ့တိုင်းမ...
ဖြေကြားချက် 7 ခု
ပန်းပွင့်ချိန်မှာ..ငါးအမိုင်နို...အင်ဇိုင်းအပွင့်အသိးတင်ဆေး...လက်ချားမုန့်တို့ရောပြီးပတ်လိုအဆင်ပြေနိင်လားဗျ......
ဖြေကြားချက် 8 ခု
အင်ဇိုင်းသဘာဝအပွင့်အသိးတင်အားဆေးရည်နဲ့လက်ချား(ဘိုရွန်)ရောဖျန်းလို့အဆင်ပြေနိင်လားဗျ...ဓာတုဆေးတွေကိုလိုအပ်မှပဲ...
ဖြေကြားချက် 1 ခု
ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရော...
ဖြေကြားချက် 2 ခု
ကိုယ်တိုင်လုပ်ထားတဲ့ငါးအမိုင်နို+အင်ဇိုင်းအပွင့်အသိးတင်ဆေးနဲ့+တမာပိုးပြေးဆေးကိုရောပတ်လို့အဆင်ပြေနိင်လားဗျ...အ...
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ