အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Sawsamson
Sawsamson 938
လွန်ခဲ့သော ၁ ရက် က · ထန်းတပင်

မတ်ပဲမြစ်ခြောက်ဆွေးနှစ်တိုင်းကျနေလို့ ပန်းပွင့်ချိန်ရောက်မှ အပင်ခြောက်ပြီး​သေ သွားပါတယ် ပုံထဲကဆေးအတိုင်းဖျန်းရင် ထိရောက်မှုရှိနိုင်လား တစ်ခြားဆေးတွေကပိုထိရောက်လား ဆေးရှိရင်ပြောပြပေးပါ မတ်ပဲအခုရက်၂၀ရှိပါပြီ အပင်မသေ သေးဘူး ရက်၃၀ကေျာ်လာရင်အမြစ်ခြောက်ပြီးသေတော့မှာပါ

စိုက်ပျိုးနည်း မတ်ပဲ
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 412,241 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

@Sawsamson မတ်ပဲခင်းတွင် အပွင့်တန်းလန်း အသီးတန်းလန်းဖြင့် အပင်များ ညှိုးသေရခြင်းမှာ မြေဆောင်မှိုရောဂါ (အမြစ်ခြောက်ဆွေး/ပင်ညှိုးရောဂါ) ကြောင့် ဖြစ်ပါတယ်။ ဤရောဂါသည် မြေကြီးထဲတွင် ခိုအောင်းနေပြီး အပင်အာဟာရ အသုံးများသော အပွင့်ပွင့် အသီးတင်ချိန်တွင် အဆိုးရွားဆုံး ဒုက္ခပေးတတ်ပါတယ်။ ယခုနှစ်တွင် အသေအပျောက်နည်းစေရန်အတွက် အပင်ခြေမြေကြီးထဲသို့ ဟိုင်မက်ဆာဇိုလ်း(Hymexazol) မှိုသတ်ဆေး စိုရွှဲအောင် ဖျန်းပေးရမည်ဖြစ်ပြီး၊ အပင်ပေါ်ပိုင်းကိုမူ အဇိုဆီစထရိုဘင် (Azoxystrobin) ဖြင့် နှံ့စပ်စွာ ပက်ဖျန်းရပါမယ်။ ထို့ပြင် မြေပြင်ချိန်တွင် မြေချဉ်ငန်ဓာတ်ကို ပြုပြင်ရန် စိုက်ပျိုးရေးသုံးထုံး ထည့်သွင်းပေးရမည်ဖြစ်ပြီး၊ မြေဆောင်မှိုများကို သဘာဝအတိုင်း နှိမ်နင်းနိုင်ရန် အကျိုးပြု ထရိုင်ကိုဒါးမား (Trichoderma) မှိုကို မြေဆွေးနှင့်ရော၍ မဖြစ်မနေ ထည့်သွင်းပေးရပါမယ်။ပုံထဲကအတိုင်း Thiophanate methyl ကို အပင်ခြေဖျန်းပေးပြီး၊ Azoxystrobin, Tebuconazole တို့ကိုအပင်အပေါ်ပိုင်းဖျန်းပေးလည်းရပါတယ်၊ သို့သော် ဘာဆေးဖျန်းဖျန်းမြေဆောင်မှိုရောဂါဖြစ်တာကြောင့် အသေအပျောက်နည်းရုံးသာထိန်းနိုင်ပါလိမ့်မယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။