အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
phyo lay
phyo lay 484
လွန်ခဲ့သော ၂ နာရီ က · ကျုံပျော်

မြေဆီလွှာကph5.1လောက်ဖြစ်နေတယ် ဒိုလိုမိုက်ထည့်ရင်ဘာါလောက်kgထည့်သင့်လဲ 1ဧကနုန်းသိ်ျင်ပါတယ်

မြေဆီလွှာ မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 410,229 လွန်ခဲ့သော ၅၇ မိနစ် က

@phyo lay မတ်ပဲစိုက်ပျိုးရန် အသင့်တော်ဆုံး မြေ pH မှာ ၅.၈ မှ ၆.၅ ဖြစ်ပြီး တောင်သူဦးကြီး မြေက pH ၅.၁ သည် မြေချဉ်နေသဖြင့် တစ်ဧကလျှင် ဒိုလိုမိုက် ၂၀၀ မှ ၃၀၀ ကီလိုဂရမ် (၄ အိတ်မှ ၆ အိတ်ခန့်) ထည့်သွင်းရန် လိုအပ်ပါတယ်။ မြေပြုပြင်ချိန် (သို့မဟုတ်) မျိုးမစိုက်မီ အနည်းဆုံး ၂ ပတ်အလိုတွင် ဒိုလိုမိုက်ကို မြေထဲသမအောင် ကြိုတင်ထည့်သွင်းပေးခြင်းဖြင့် အချဉ်ဓာတ်ကို လျော့နည်းစေကာ ပဲမြစ်ဖုအလုပ်လုပ်နိုင်စွမ်းနှင့် အပင်ကြီးထွားမှုကို အကောင်းဆုံး အထောက်အကူပြုစေပါလိမ့်မယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတ်ပဲစိုက်ပျိုးရေးအတွက်မြေခံကိုစပါးရိတ်သိမ်းပြီး(သို့မဟုတ်)မြေအစိုဓာတ်ဘယ်လောက်မှာထည့်လို့ရပါသလဲအကြံပေးပေးပါ

ဖြေကြားချက် 1 ခု

ဒီနေ့ညနေ မတ်ပဲကြဲပြီးရိုးပြတ်ကို စက်နဲ့ဖိထားတယ် မနက်ဖြန် ရိုးပြတ်ကို ပေါင်းသတ်ဆေးဖျန်းရင် မတ်ပဲကို ထိနိုင်လား...

ဖြေကြားချက် 3 ခု

ဆရာခင်ဗျ အရင်နှစ်ကမတ်ပဲခင်းမှာ အပွင့်တန်းလန်း အသီးတန်းလန်းနဲ့သေတဲ့အပင်တေအတော်များခဲ့ပါတယ် အသီးတေကမမှည့်သေးဘဲ အ...

ဖြေကြားချက် 3 ခု

မတ်ပဲကျဲဖို့အတွက် လယ်တစ်ခွက်က အစိုဓာတ်နည်းနေပါတယ် ထိုလယ်အတွက် မတ်ပဲမျိုးကို ရေတစ်ညလောက်စိမ်ပြီး ပတ်လို့ရပါသလား...

ဖြေကြားချက် 8 ခု

ရွှေနဂါးအားဆေးနဲ့ ပုံပါပိုးသတ်ဆေးရောဖျန်းလို့ရလား မတ်ပဲအရွက်လောင်နိုင်လား

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။