အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးစောမောင်ဌေး
လွန်ခဲ့သော ၁ ရက် က · ကျောင်းကုန်း

ငမြောင်တောင်ဆေးဖျန်းမလို့ပါ မနက်စောစောဖျန်းသင့်လားညနေစောင်းဖျန်းသင့်လားဗျ ညနေပိုင်းကမိုးမိမှာဆိုးလို့ မနက်အစောပိုင်းဖျန်းလို့ရပါသလား

ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 416,817 လွန်ခဲ့သော ၂၁ နာရီ က
ဤအဖြေဖြင့် ပြေလည်

@ဦးစောမောင်ဌေး ငမြှောင်တောင်ပိုး သည် ညဘက်တွင်မှ ထွက်၍ ကိုက်စားတတ်သောအလေ့အထရှိသဖြင့် ဆေးဖျန်းရန် ညနေစောင်းအချိန် (ညနေ ၄ နာရီနောက်ပိုင်း) သည် အထိရောက်ဆုံးနှင့် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ သို့သော် ညနေပိုင်းတွင် မိုးရွာရန် သေချာနေပါက မနက်စောစော နှင်းရည်စင်ချိန်တွင်လည်း ဖျန်းနိုင်ပြီး မိုးရေနှင့် ဆေးမျောပါမသွားစေရန် ဆေးစွဲကပ်ပျံ့နှံ့ဆေး ကို မဖြစ်မနေ ထည့်စပ်ဖျန်းပေးရပါမယ်။စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ပိုးများကို ထိရောက်စွာနှိမ်နင်းနိုင်ရန် အပင်ခြေအထိ ဆေးသားနှံ့စပ်အောင်ဖျန်းပေးရမည်ဖြစ်ပြီး အီမာမက်တင်ဘင်ဇိုအိတ် (Emamectin benzoate) သို့မဟုတ် ကလိုရန်ထရန်နီလီပရိုး (Chlorantraniliprole) ကဲ့သို့သော ထိရောက်သည့်ဆေးများကို ဆေးယဉ်ပါးမှုမရှိစေရန် အုပ်စုလဲလှယ်၍ အလှည့်ကျ သုံးစွဲပေးလေ့ရှိတယ်။အကယ်၍မိုးရွာရန်မ သေချာဘူးဆိုရင်တော့ ဆေးစွဲကပ်ပျံ့နှံ့ဆေးထည့်ပြီး ညနေခင်းဖျန်းတာပိုထိရောက်ပါတယ်။ ရာသီဥတုဆိုတော့ တောင်သူဦးကြီးတို့ကိုယ်တိုင် ချင့်ချိန်စဉ်းစားပြီးမှ ဆောင်ရွက်ပါဗျ၊ အစိမ်းရောင်လမ်းမှာ မိုးလေဝသခန့်မှန်းချက်လည်းကြည့်ပြီး စဉ်းစားကြည့်ပါဗျ၊ နေရာဒေသမတူတော့ ရာသီဉတုကို ခန့်မှန်းဖို့ကျ မလွယ်လို့ပါဗျ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ဦးစောမောင်ဌေး
ဦးစောမောင်ဌေး 736 လွန်ခဲ့သော ၁၉ နာရီ က

ကျေးဇူးအထူးတင်ရှိပါကြောင်း‌ဆရာခင်ဗျ

You

ဆက်စပ်မေးခွန်းများ

မတ်ပဲမှာပဲမွေဟောက်ဆိုတဲ့မျိုးရဲ့အပင်ပုံကိုယခင်နှစ်ကစိုက်ဖူးသောတောင်သူများထံတွင်ရှိလျှင်ကြည့်ချင်ပါသည်

ဖြေကြားချက် 1 ခု

ဆရာကြီးခင်ဗျာ ဒေသအခေါ် မြက်နီ/မြက်သအုပ်လို့ခေါ်ပါတယ် မတ်ပဲကြားပေါင်းဆေးဖြန်းတာ ကျန်တဲ့မြက်သေပါတယ် အဲမြက်က မသေ...

ဖြေကြားချက် 3 ခု

အပေါ်မြေဆီလွှာလက်မဝက်ကအရပ်ခေါ်ဖွတ်ချီးမြေ အောက်အလွှာကမြေစေးပါမတ်ပဲစိုက်တာသိပ်အဆင်မပြေဘူးပန်းပွင့်ခါနီးအပင်က‌...

ဖြေကြားချက် 3 ခု

မိုခါမတ်ပဲမျိုးကို၁ဧကကိုဘယ်နှုန်းလောက်ကြဲသင့်ပါသလဲ လယ်မြေအမျိုးအစားပါ

ဖြေကြားချက် 1 ခု

ပိုးသတ်ဆေးတို့ အပင်အားဆေးတို့ဖျန်းပြီး ဘယ်အချိန်လောက်မိုးနဲ့လွတ်ရင် ရပါသလဲ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။