အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Nyi Nyi Aung
Nyi Nyi Aung 220
လွန်ခဲ့သော ၈ နာရီ က · ဆော

မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
ပိုးမွှားရောဂါ စပါး
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 449,997 လွန်ခဲ့သော ၆ နာရီ က

@Nyi Nyi Aung စပါးနို့ရည်ဝင်အဆင့်ကျော်ပြီး ရိတ်သိမ်းရန် ၂၅ ရက်မှ ၃၀ ရက်ခန့်သာ လိုတော့သည့်အချိန်တွင် ဂုတ်ကျိုးရောဂါ ပျံ့နှံ့နေပါက မှိုသတ်ဆေး အမြန်ဆုံး ပက်ဖျန်းသင့်ပါတယ်။ ဆေးမဖျန်းပါက ကျန်ရှိနေသော စပါးနှံကောင်း ၇၀ ရာခိုင်နှုန်းပါ ကူးစက်ပျက်စီးသွားနိုင်ပါတယ်။ သို့သော် ရိတ်သိမ်းခါနီးပြီဖြစ်သဖြင့် စပါးစေ့ထဲတွင် ဓာတုဆေးဓာတ်ကြွင်း အန္တရာယ်ကင်းစေရန် ဆေးဖျန်းပြီး ရိတ်သိမ်းရမည့် စောင့်ဆိုင်းရက် (PHI) ၁၄ ရက်မှ ၂၁ ရက်ခန့်သာ ရှိသော ပင်လုံးပြန့်မှိုသတ်ဆေးများကို ရွေးချယ်အသုံးပြုရပါမယ်။ အထူးသဖြင့် အဇိုဇီစထရိုဘင် (Azoxystrobin) နှင့် ဒိုင်ဖီနိုကိုနာဇိုး (Difenoconazole) အရော၊ သို့မဟုတ် ထရိုင်ဆိုက်ကလာဇိုး (Tricyclazole) နှင့် ပရိုပီကိုနာဇိုး (Propiconazole) အရောပါဝင်သော ဆေးများသည် ယခုအချိန်တွင် အသင့်တော်ဆုံး ဖြစ်ပါတယ်။ မှိုသတ်ဆေးသည် ဂုတ်ကျိုးပြီးသား အနှံဟောင်းများကို ပြန်မကောင်းစေနိုင်သော်လည်း အကောင်းပကတိ ကျန်နေသေးသည့် အနှံများဆီ ရောဂါမကူးစက်အောင် ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Thar Po
Thar Po အတည်ပြုပြီး 35,889 လွန်ခဲ့သော ၆ နာရီ က

ရိတ်ဖို့ တလလိုသေးရင် တကြိမ်ဖျန်းသင့်ပါသေးတယ်။ Tricyclazole အုပ်စု ဖျန်းရပါတယ်။ ကာကွယ်ကုသ နိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံး...

ဖြေကြားချက် 1 ခု

ဆင်းသုခစပါးအရွက်တွေအဝါရောင်ဖြစ်နေလို့ပြန်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ

ဖြေကြားချက် 1 ခု

စပါးအပင် ပျက်ကျနေတယ် မနှစ်ကဆိုမရိတ်ရသည့်နေရာတေ အတော်များတယ်အခုလည်းစ ဖြစ်နေပါတယ်ဆရာဘာဆေးများသုံးရမလဲညွှန်းပေးပါ

ဖြေကြားချက် 1 ခု

စပါးတွေရဲ့အရွက်တွေကဖြူပြီးတော့ပါးသလိုဖြစ်နေတယ် ဘာပိုးလဲရောဂါမှန်းသေချာမသိပါဘူးဘာဆေးသုံးသုံးရမလဲခင်ဗျာလုံးနေပါ...

ဖြေကြားချက် 4 ခု

စပါးစိုက်ပျိုးရေးမှာ အောင်ရေကိုဘယ်အချိန်ဖြတ်သင့်လဲဗျ

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။