အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ko paing
ko paing 54
လွန်ခဲ့သော ၁၃ နာရီ က · ညောင်တုန်း

ဘိုကာရှီနဲ့အာမို15ပတ်လည်နှပ်ထားတဲ့ထဲကိုထရိုင်ကိုဒါးမားပါရောထည့်လို့ရလားဗျ။သိချင်လို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၂ ရက်
အပင်အာဟာရ ပဲတောင့်ရှည်

ဖြေကြားချက် ၆ ခု

သော်ဇင်
သော်ဇင် 451,721 လွန်ခဲ့သော ၁၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

@ko paing ဘိုကာရှီနဲ့ အာမို (၁၅ ပတ်လည်) ကို စတင်နှပ်ထားချိန်မှာ ထရိုင်ကိုဒါးမား (Trichoderma) ကို တစ်ပါတည်း ရောမထည့်သင့်ပါဘူး။ အကြောင်းကတော့ မြေဆွေးနှပ်နေစဉ်အတွင်း ထွက်ပေါ်လာတဲ့ အပူချိန်မြင့်မားမှု၊ အချဉ်ဓာတ် (pH) ပြောင်းလဲမှုနဲ့ ဓာတ်မြေဩဇာရဲ့ ဆားငန်ဓာတ်ပြင်းအားတွေကြောင့် အကျိုးပြုမှိုဖြစ်တဲ့ ထရိုင်ကိုဒါးမားတွေ သေဆုံးသွားနိုင်လို့ပါ။ ဒါ့အပြင် ဘိုကာရှီနှပ်ရင် လေလုံအောင် ပိတ်ထားရပေမယ့် ထရိုင်ကိုဒါးမားက လေ (အောက်ဆီဂျင်) ရမှ ရှင်သန်ပွားများနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပဲတောင့်ရှည်ခင်းထဲ အသုံးပြုဖို့အတွက် ဘိုကာရှီနဲ့ ၁၅ ပတ်လည်ကို နှပ်ပြီးလို့ အပူငွေ့အေးသွားချိန် စိုက်ခင်းထဲ ကျွေးပြီးအချိန် ရောက်မှသာ ထရိုင်ကိုဒါးမားကို သီးသန့်အသုံးပြုတာ အကောင်းဆုံး ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,034 လွန်ခဲ့သော ၁၂ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဓာတုနဲ့ ဇီဝ မရောရပါဘူး။သုံးချင်ရင် အကြိမ် ခွဲခြားသုံးပါ။

Saung
Saung 90 လွန်ခဲ့သော ၈ နာရီ က

ကျေးဇူးပါရှင့်

သော်ဇင်
သော်ဇင် 451,721 လွန်ခဲ့သော ၁၀ နာရီ က

@Saung ထရိုင်ကိုဒါးမား (Trichoderma) ဖျန်းပြီး ၃-၄ ရက်အကြာမှာ ဓာတုမှိုသတ်ဆေးဖျန်းလိုက်ရင် ထရိုင်ကိုဒါးမားအကျိုးပြုမှိုတွေ သေဆုံးနိုင်ခြေ အလွန်များပါတယ်။ အထူးသဖြင့် အရွက်ပေါ်ကို ဖျန်းတာချင်း တူနေရင်နဲ့ Carbendazim၊ Mancozeb လို ပြင်းထန်တဲ့ မှိုသတ်ဆေးတွေ သုံးမိရင် အကုန်နီးပါး သေဆုံးသွားနိုင်ပါတယ်။ ဒါပေမဲ့ ထရိုင်ကိုဒါးမားကို မြေကြီးထဲလောင်းထားပြီး ဓာတုဆေးကို အရွက်ပေါ်ပဲ ဖျန်းတာဆိုရင်တော့ မြေထဲကမှိုတွေ အသက်ရှင်ကျန်နိုင်ပါသေးတယ်။ ဒါကြောင့် ဓာတုမှိုသတ်ဆေး အရှိန်ပြယ်မယ့် ၇ ရက်မှ ၁၀ ရက်ခန့် စောင့်ပြီးမှ ထရိုင်ကိုဒါးမားကို တစ်ကြိမ်ပြန်လည် ဖြည့်တင်းဖျန်းပက်ပေးဖို့ အကြံပြုပါတယ်ခင်ဗျာ။

Saung
Saung 90 လွန်ခဲ့သော ၁၁ နာရီ က

ထရိုင်ကိုဒါးမားဖျန်းပြီး 3/4 ရက်ကြာတော့ မိုရောဂါကာကွယ်ဆေးဖျန်းလိုက်တယ် ထရိုင်ကိုဒါးမားပိုးပါ သေကုန်ရောပေါ့နော်

ko paing
ko paing 54 လွန်ခဲ့သော ၁၂ နာရီ က

ကျေးဇူးပါဗျ

You

ဆက်စပ်မေးခွန်းများ

ပဲမျိုးစုံ ပဲတောင့်ရှည် ပဲတီစိမ်း စသည်ပဲအဖူးဝင်ချိန်ပွင့်ထွေးကာကွယ်ဆေးဘာဆေးဖြန်းရမလဲ

ဖြေကြားချက် 1 ခု

တိုင်ထောင်ပဲမှာအသီးညှာမှာ-နီညိုရောင်ဖြစ်ပြီးချောက်သွားတယ်အသီးလဲပုတ်တယ်မိူဖြူလေးတက်နေတယ်အရွက်မှာလဲ-နီညိုအစက်တွေ...

ဖြေကြားချက် 1 ခု

ဘာ‌မှိုမျိုးလဲ ဖျူစေရီယမ်လား အမြစ်ပုတ်တာလား သိချင်ပါတယ် အပင်ငယ်လဲသေတယ် အပင်ကြီးလဲသေတယ် တစ်တန်းမှာ၁၀ပင်လောက်

ဖြေကြားချက် 2 ခု

ပဲတောင်ရှည်အပင်များဘာရောဂါဖြစ်လိုလိုက်သေတာလဲမသိဘူးဗျဘာဆေးများဖြန်ရမလဲ

ဖြေကြားချက် 1 ခု

ပဲတောင့်ရှည် က အပွင့်တွေကြွေနေပါတယ် ရောဂါနဲ့ ဆေးအသုံးပြုပုံဖြေကြားပေးပါခင်ဗျာ🙏

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။