အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုနိုင်လင်းထက်
လွန်ခဲ့သော ၁ ရက် က · အုတ်တွင်း

ရေနစ်ထားတာပါဆရာ ဘယ်မှိုဆေးသုံးရင်အကောင်းဆုံးဖြစ်မလဲခင်ဗျာ။အထိရောက်ဆုံးနဲ့အကောင်းဆုံးဖြစ်မဲ့ မှိုဆေးညွန်ပေးပါ ဆရာ အမြန်ကုသချင်လို့ပါ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၇ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
ရာသီဥအုံ့မှိုင်း
ပိုးမွှားရောဂါ မတ်ပဲ
Post image

ဖြေကြားချက် ၆ ခု

သော်ဇင်
သော်ဇင် 456,768 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

@ကိုနိုင်လင်းထက် ရေနစ်ထားပြီးနောက် ဖြစ်ပွားတတ်သော မှည့်ပျောက်စွန်းရောဂါ (Anthracnose) ကို အမြန်ဆုံး ထိန်းချုပ်နိုင်ရန် Azoxystrobin + Difenoconazole သို့မဟုတ် Tebuconazole + Trifloxystrobin ပါဝင်သော ပင်လုံးပြန့် မှိုသတ်ဆေးများကို အသုံးပြုသင့်ပါတယ်။ အဆိုပါဆေးများသည် အပင်အတွင်းပိုင်းအထိ လျင်မြန်စွာ စိမ့်ဝင်ပြီး မှိုရောဂါပြန့်ပွားမှုကို ချက်ချင်းရပ်တန့်စေနိုင်ပါတယ်။ ဆေးမဖျန်းမီ စိုက်ခင်းအတွင်း ရေဝပ်နေပါက ရေအမြန်ထုတ်ပစ်ရန်နှင့် ပေါင်းမြက်များကို ရှင်းလင်းပေးရန် အထူးအရေးကြီးပါတယ်။ ပထမတစ်ကြိမ် ဖျန်းပြီး ၇ ရက်မှ ၁၀ ရက်အကြာတွင် အခြားဆေးအုပ်စုတစ်မျိုးဖြင့် ပြောင်းလဲကာ ဒုတိယအကြိမ် ထပ်မံပက်ဖျန်းပေးရပါမယ်။ ရေနစ်ထား၍ အပင်နာနေချိန်ဖြစ်သောကြောင့် ပုလဲဓာတ်မြေဩဇာ လုံးဝမကျွေးဘဲ မှိုဆေးဖျန်းပြီး ၃-၄ ရက်အကြာတွင် အမိုင်နိုအက်စစ် သို့မဟုတ် ဟျူးမစ်အက်စစ် အားဆေးဖျန်းပေးခြင်းဖြင့် အပင်ပြန်လည်နာလန်ထူမှု မြန်ဆန်စေမည်ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

AungNaingWin
AungNaingWin 72 လွန်ခဲ့သော ၂၁ နာရီ က

မိူဘုရင် Defenconazole+ Azoxystrobin သုံးပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,196 လွန်ခဲ့သော ၁ ရက် က

trifloxystobin+ tebuconazole (ဟိုက်ဒြာ) ဆေးတပုံး/၂၀ဂရမ်

သော်ဇင်
သော်ဇင် 456,768 လွန်ခဲ့သော ၁ ရက် က

@ကိုနိုင်လင်းထက် ဒိုင်ဇီရှိပါတယ်ဝိစာရကထုတ်တာပါ

ကိုနိုင်လင်းထက်
ကိုနိုင်လင်းထက် 156 လွန်ခဲ့သော ၁ ရက် က

နာမည်ပါဆရာ

ကိုနိုင်လင်းထက်
ကိုနိုင်လင်းထက် 156 လွန်ခဲ့သော ၁ ရက် က

ဆေးနာမည်လေးပါပြောပြပါဆရာ Azoxystrobin+Difennoconazole အဲ့ Ai ပါတဲ့ဆေးနည်ပါဆရာ

You

ဆက်စပ်မေးခွန်းများ

မင်္ဂလာပါ ဆရာတို့ စိုက်ခင်း အဲ့လို ဖြစ်နေပါတယ် ဘာများ ဖြစ်တာလဲခင်ဗျာ

ဖြေကြားချက် 1 ခု

အပင်သိပ်မတက်လို့ပါဆာလ်ဖာတစ်ကြိမ်အပင်အားဆေးတစ်ကြိမ်ဖျန်းထားပါတယ်ဘာဆက်လုပ်ရမလည်းလမ်းညွှန်ပေးပါအုံး

ဖြေကြားချက် 1 ခု

အသီးတင်အပွင်ပိုပွင့်အောင်ဘာဆေးတေဖျတ်းရမလည်း ပွင့်ထွေးမကျအောင်ဘယ်လိုကာကွယ်ထားရမလည်းဗျ

ဖြေကြားချက် 2 ခု

အဆီဖိတ်ပိုးသတ်ဆေးကို မတ်ပဲပင် 40ရက်သားမှာ ရွက်ဖျန်းအားဆေးတွေနဲ့ တွဲဖျန်းလို့ရနိူင်ပါလား

ဖြေကြားချက် 1 ခု

မတ်ပဲအပွင့်လိုက်တဲ့အချိန်မှာငါးအမိုင်နိုဖျန်းရင်ဘယ်လိုအကျိုးကျေးဇူးရနိုင်လည်းခဗျ ဆိုးကျိုးရောရှိနိုင်လားခဗျ🙏🙏🙏

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။