ဖြေကြားချက် ၄ ခု
@ဦးစောမောင်ဌေး မနှစ်က မြစ်ခြောက်ဆွေးရောဂါ ကျရောက်ဖူးသော စိုက်ခင်းဖြစ်သည့်အတွက် ရောဂါဖြစ်စေသော မှိုပိုးများသည် မြေကြီးထဲတွင် ကျန်ရှိနေနိုင်ပါတယ်။ ထို့ကြောင့် မစိုက်ပျိုးမီ မျိုးစေ့များကို ကာဘင်ဒါဇင် (Carbendazim ) ၊ မက်တယ်လဇီး (Metalaxyl) သို့မဟုတ် သိုင်ရမ် (Thiram) ပါဝင်သော မှိုသတ်မျိုးစေ့လူးနယ်ဆေး တစ်မျိုးမျိုးဖြင့် ဆေးညွှန်းအတိုင်း သေချာလူးနယ်ပြီး အရိပ်ထဲတွင် အခြောက်ခံ စိုက်ပျိုးသင့်ပါတယ်။ သဘာဝနည်းဖြင့် ကာကွယ်လိုပါက ဇီဝမှိုသတ်ဆေး ထရိုင်ကိုဒါးမား (Trichoderma) မှိုမှုန့်ကို မျိုးစေ့ ၁ ကီလိုဂရမ်လျှင် ၄ ဂရမ်မှ ၁၀ ဂရမ်နှုန်း လူးနယ်အသုံးပြုနိုင်ပါတယ်။ ထို့အပြင် ထွန်ခင်းပြင်ချိန်တွင် ထယ်ရေးနက်နက်လှန်၍ နေလှမ်းပေးခြင်း၊ နွားချေးဆွေး တွင် ထရိုင်ကိုဒါးမားရောစပ်၍ မြေခံထည့်သွင်းခြင်းနှင့် အခင်းအတွင်း ရေမဝပ်စေရန် ဂရုစိုက်ခြင်းတို့ကိုပါ တွဲဖက်လုပ်ဆောင်ပါက ရောဂါပြန်လည်ကျရောက်မှုကို အထိရောက်ဆုံး ကာကွယ်နိုင်မည် ဖြစ်ပါတယ်။ အထက်ပါအတိုင်းမလုပ်ဆောင်နိုင်ခဲ့ပါက အသေအပျောက်နည်းနိုင်ရန် Hymexazol ကို အပင်ခြေမြေကြီးစိုရွှဲအောင်ဖျန်းပေးနိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ပဲကျဲပက်ချိန်တွင် ထရိုင်ဂိုဒါးမားကိုလူးနယ်ကျဲပက်ထား ပါလျှင် ဘယ်နှစ်ရက်သားမှာ တကြိမ်ထပ်ပီး ဖျန်းလို့ရပါလဲ...
ဖြေကြားချက် 1 ခု
ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ
ဖြေကြားချက် 2 ခု
ဒီနှစ်ပဲရာသီမှာပဲတီစိမ်းစျေးကောင်းနိုင်ပါမလားဆရာတို့ပဲတီစိမ်းကိုတော့ဝယ်လောက်ပါတယ်နော်
ဖြေကြားချက် 4 ခု
ပဲကျဲပြီး 18ဗန်းနဲ့ 2စက် ထွန်လိုက်ပါတယ် တချို့နေရာတေက ထယ်ဖက်တေကြီးသွားလို့ ပေါက်နိုင်ပါ့မလား ဆရာခင်ဗျ ပဲတီ...
ဖြေကြားချက် 1 ခု
ဘာဆေးဖျန့းသင့်လည်းခင်ဗျ
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ