အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျော်ထွေး
လွန်ခဲ့သော ၃ ရက် က · ကျုံပျော်

ဒီပဲပင်အရွက်‌‌ခြောက်ပြီး‌သေချင်တယ် အရောင်ကလည်းအညှိရောင်းသန်တယ် သံချေးလား ဘယ်တီးရီးလား အထလည်းနှေးတယ် ဘာဖြစ်တာလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၂ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ပိုးမွှားရောဂါ မတ်ပဲ
Post image
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 474,415 လွန်ခဲ့သော ၃ ရက် က

@ကျော်ထွေး ပုံပါ မတ်ပဲပင်မှာ ဖြစ်နေတာက သံချေးရောဂါရော၊ ဘက်တီးရီးယားရောဂါရော မဟုတ်ပါဘူး။ Rhizoctonia solani လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်ပွားတဲ့ ရွက်ခြောက်ရောဂါ (Web Blight) ဖြစ်ပါတယ်။ ဒီမှိုရောဂါဟာ စိုထိုင်းဆများချိန်မှာ အရွက်တွေကို ရေနာကွက်ဖြစ်ပြီး အညိုရောင်သမ်းကာ ခြောက်သွေ့သေဆုံးစေသလို အပင်ကြီးထွားမှုကိုလည်း ရပ်တန့်စေလို့ အထနှေးနေတာ ဖြစ်ပါတယ်။ အမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် ဟက်ဇာကိုနာဇိုး (Hexaconazole)၊ ဒိုင်ဖန်ကိုနာဇိုး (Difenoconazole) ဒါမှမဟုတ် Azoxystrobin+Difenoconazole ပါဝင်တဲ့ ပင်လုံးပြန့်မှိုသတ်ဆေး တစ်မျိုးမျိုးကို ၇ ရက်ခြား ၂ ကြိမ်ခန့် အရွက်အောက်မျက်နှာပြင်နဲ့ ပင်ခြေအထိ စိုရွှဲအောင် ဖျန်းပေးပါ။ စိုက်ခင်းထဲမှာ ရေမဝပ်အောင် ရေနုတ်မြောင်းလုပ်ပေးပြီး ယူရီးယားမြေဩဇာကျွေးတာကို ယာယီရပ်ထားပါ။ မှိုဆေးဖျန်းပြီး ၃-၄ ရက်အကြာမှာ အမိုင်နိုအက်ဆစ် (Amino Acid) ဒါမှမဟုတ် ပင်လယ်ရေမှော် အားဆေး( Seaweed Extract) ကို အပင်ရွက်ဖျန်းအား ဆေးများဖြင့် ဖျန်းပေးရင် အပင်အားပြန်တက်လာပါလိမ့်မယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။