အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
andrich
andrich 341
လွန်ခဲ့သော ၁ ရက် က

ကြက်သွန်နီက ပုံပါအတိုင်းလိမ်နေလို့ mancozeb နဲ့ cymoxanil အရော အရင်ဖြန်းထားပါတယ်၊ ‌ေရာဂါက တိုးလာတဲ့အတွက် 2ရက်နေတော့ copper oxychloride 85%နဲ့ မြန်မာ့ဩဘာမှ ယူနတီ မှိုသတ်ဆေးရောဖြန်းထားပါတယ် အဲ့ဒါလဲ ထပ်တိုးသလိုဖြစ်နေလို့ဗျ ဖြန်းထားတာ၂ရက်ရှိပါပြီ ဘယ်လိုကုသလို့ရမလဲဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ်
ပိုးမွှားရောဂါ ကြက်သွန်နီ
Post image
Post image
Post image

ဖြေကြားချက် ၆ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,125,773 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

အပင် မကောင်းတိုင်း၊ဆေးဖျန်းဖို့ချည်းမစဉ်းစားပဲ၊မြေကြီးကိုလည်း လိုအပ်သလိုပြင်ပေးပါ။ အပင်ခါးကြပ်သလိုဖြစ်နေပ်တယ်။gypsum+k Humic ပက်ပြီး ရေပါးပါး ဖျန်းပေးသင့်ပါတယ်။သို့မဟုတ် အောက်မှာ အစိုများနေရင်လည်း၊ ခါးဆွပေးသင့်ပါတယ်။

andrich
andrich 341 လွန်ခဲ့သော ၂ နာရီ က

ဟုတ်ကဲ့ပါ အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ

သော်ဇင်
သော်ဇင် 474,597 လွန်ခဲ့သော ၅ နာရီ က

@andrichရောဂါကျတာမဟုတ်လို့ ရပါတယ်ခင်ဗျာ၊

andrich
andrich 341 လွန်ခဲ့သော ၇ နာရီ က

ခုချိန်မာရွက်ဖျန်းအားဆေးတွေဖြန်းလို့ရလားဗျ

သော်ဇင်
သော်ဇင် 474,597 လွန်ခဲ့သော ၁ ရက် က

@andrich စိုက်ခင်းထဲတွင် ပိုးမွှား၊ ရောဂါနှင့် ဆေးလောင်ခြင်း လုံးဝမရှိဘဲ ကြက်သွန်ပင် လည်ပင်းရှည်ကာ ဘေးသို့ စောင်းငဲ့လိမ်ကောက်နေခြင်းမှာ မြေဆီလွှာကျစ်လျစ်ခြင်းနှင့် အာဟာရမညီမျှခြင်း ကြောင့် အဓိက ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ပုံပါအခြေအနေအရ မြေသားခြောက်သွေ့အက်ကွဲနေသဖြင့် အမြစ်က အစာနှင့် ရေကို ကောင်းစွာ မစုပ်ယူနိုင်ဘဲ အပင်ခြေရင်း ယိုင်နဲ့လိမ်ကောက်နေခြင်း ဖြစ်ပါတယ်။ ကုသရန်အတွက် မည်သည့်မှိုသတ်ဆေးကိုမျှ ထပ်မဖြန်းဘဲ အမြစ်မထိခိုက်အောင် အပင်ခြေရင်းကို မြေဆွပေးပြီး အစိုဓာတ်ညီမျှစေရန် ရေပါးပါး သွင်းပေးရပါမယ်။ ထို့နောက် အပင်ရိုးတံ တောင့်တင်းခိုင်မာစေရန် ကယ်လ်စီယမ်နှင့် ဘိုရွန် (Calcium + Boron) အရွက်ဖျန်းအားဆေးကို ဖြန်းပေးရမည်ဖြစ်ပြီး အပင်လည်ပင်း ပိုရှည်ထွက်စေမည့် ပုလဲ (နိုက်ထရိုဂျင်) မြေဩဇာကျွေးခြင်းကို ခေတ္တရပ်နားထားရပါမယ်။ အထက်ကဆရာကြီးပြောသလို Gypsum+ K humic ပက်ပြီး ရေပါးပါးသွင်းပေးမယ်ဆိုလည်းအဆင်ပြေပါတယ်ခင်ဗျာ။

andrich
andrich 341 လွန်ခဲ့သော ၁ ရက် က

ဟုတ်ကဲ့ဗျ ခါးကတော့ဆွထားပါတယ်ဗျ မိုးရွာပြီး အစိုဓာတ်များပြီး အဲ့လိုဖြစ်နေတာပါဗျ

You

ဆက်စပ်မေးခွန်းများ

ငါးအမိုင်နိဖောက်ထားတာ 2လလောက်ရှိပြီဗျ၊ အနံကတော့ ထန်းလျက်နံ့နဲ့ ငါးညီနဲ့လိုလိုရတယ်ဗျ၊ အပင်တွေပေါ် 300cc နှုန်း...

ဖြေကြားချက် 3 ခု

ဥစိုက်ကို အပင်သိပ်မဖြသ်လို့ပါဗျ၊ 8 ရက်နေ့ကနေ 11ရက်နေ့ထိရွာတဲ့မိုးမာ ရေဝပ်တဲ့နေရာလေးတွေက အပင်သိပ်မတက်ပဲ ပြာတာတာ...

ဖြေကြားချက် 3 ခု

ဒီနှစ် ကြက်သွန်နီစိုက်ခင်းကို အပင်အဟာရအတွက် ဂျီဗာမရူသမ်နဲ့ ဓာတ်မြေဩဇာတွဲ လှေးပိုးအတွက် သဘာဝပိုးသတ်ဆေးများ အထူး...

ဖြေကြားချက် 2 ခု

ဖရဲ စိုက်နည်းလေး သိချင်ပါတယ်

ဖြေကြားချက် 1 ခု

ကြက်သွန်ပျိုးထောင်ထားတာ စထောင်ပီးကတည်းက ရေတခါပဲဖျန်းလိုက်ရတယ် မိုးဖိထားတာ အခြေအနေဘယ်လို ဖြစ်လာနိုင်သလဲ မှုိး...

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။