အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Saw Samson
Saw Samson 560
လွန်ခဲ့သော ၅ နာရီ က · ထန်းတပင်

ဒီဆေး၃မျိုးရောဖျန်းလို့ရလားဆရာ

စိုက်ပျိုးနည်း မတ်ပဲ
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 474,597 လွန်ခဲ့သော ၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

@Saw Samson မတ်ပဲစိုက်ခင်းတွင် ပွင့်ထွေးပိုးနှင့် ယင်ဖြူကျရောက်နေချိန်၌ Emamectin Benzoate + Thiamethoxam၊ Profenofos + Lufenuron ပိုးသတ်ဆေးနှစ်မျိုးနှင့် ပုံပါ 0-51.5-33.5 ရွက်ဖျန်းအားဆေးတို့ကို စုစုပေါင်း (၃) မျိုး တစ်ပြိုင်နက် ရောစပ်ပက်ဖျန်းရန် မသင့်တော်ပါဘူး။ ဆေးအစွမ်းရှိပစ္စည်း ၄ မျိုးနှင့် ရွက်ဖျန်း အားဆေးတို့ ပေါင်းစပ်မိပါက ဆေးရည်ပြင်းထန်လွန်းပြီး နုနယ်သောမတ်ပဲပန်းပွင့်များ လောင်ကျွမ်းကြွေကျခြင်း (Phytotoxicity) နှင့် ဆေးအာနိသင် ပြယ်ခြင်းတို့ ဖြစ် ပေါ်နိုင်ပါတယ်။ လက်ရှိကျရောက်နေသော ပိုးနှစ်မျိုးလုံးအတွက် Emamectin Benzoate + Thiamethoxam တစ်မျိုးတည်းနှင့်ပင် လုံလောက်မှုရှိပြီး၊ ကျန်ရှိနေသော Profenofos + Lufenuron ကို နောက် (၇) ရက်မှ (၁၀) ရက်အကြာတွင် အလှည့်ကျ ပြောင်းလဲပက်ဖျန်းသင့်ပါတယ်။ ရွက်ဖျန်းအားဆေးကိုမူ ပိုးသတ်ဆေးနှင့် (၃) ရက်ခန့်ခြား၍ နေအေးချိန်တွင် သီးသန့်ပက်ဖျန်းခြင်းက အပင်အတွက် အကောင်းဆုံးနှင့် အလုံခြုံဆုံး ဖြစ်ပါတယ်။ ဖျန်းအားဆေး နှင့်ပိုးသတ်ဆေးတစ်မျိုးမျိုး တွဲဖက်ဖျန်းလိုပါက ရေအနည်းငယ်တွင် အရင်ဖျော်စပ်ကြည့်ပြီး အနည်ထိုင်ခြင်း၊ အမြှုပ်အလွန်အကျွံထွက်ခြင်း မရှိမှသာ ရောဖျန်းပါ။ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Saw Samson
Saw Samson 560 လွန်ခဲ့သော ၄ နာရီ က

ပွင့်ထွေးနဲ့ယင်ဖြူကျနေလို့ပါ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။