အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
twim min khant
လွန်ခဲ့သော ၆ နှစ် က · သာယာဝတီ

ကန်စွန်းက ဘယ်လိုစိုက်ရတာလဲ ဆရာ

စိုက်ပျိုးနည်း ကန်စွန်းရွက်
1

ဖြေကြားချက် ၁ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,355 လွန်ခဲ့သော ၆ နှစ် က

အစေ့မှကန်ဇွန်းစိုက်ပျိုးနည်း အစေ့မှကန်ဇွန်းစိုက်ပျိုးနည်း ၁။စိုက်ပျိုးဒေသ အောက်မြန်မာနိုင်ငံဒေသအနှံ့အပြားတွင်စိုက်ပျိုးနိုင်ပါသည်။ ၂။စိုက်ပျိုးခြင်း (၁)မြေပြုပြင်ခြင်း ထယ်(၂)စပ်ထိုးပြီး၊ ထွန်(၆-၈)စပ်မွှေပါ။ ရေသိုလှောင်ထိန်းနိုင်သောမြေဖြစ်လျှင် ကန်ဇွန်းစိုက်ရန် သင့်တော်ပါသည်။ တောင်ပေါ်ဒေသ၌ဆောင်းတွင်းစိုက်ရန် မဖြစ်နိုင်ပါ။ ထွန်ရေးညက်လျှင် ကန်းသင်းဖော်၍ အကွက်ဖေါ်ပါ။ ထို့​နောက် ရေသွင်းပြီး ဆက်၍ထွန်မွှေပါ။ အခင်းသစ်တွင်မြေပြင်ချိန်၌နွားချေး(၁၀-၁၅)စီး ထည့်သွင်းပြီးမြေကြီးကို မစိုက်ခင် နှပ်ထားသင့်ပါသည်။ (၂)စိုက်ပျိုးခြင်း မြေကိုထွန်ယက်ပြီး ၃ပေအကျယ်၊ အရှည်သင့်တင့်စွာထား၍ ၄လက်မအမြင့်ဘောင်များပြုလုပ်ပါ။ ဘောင်ပေါ်တွင် အစေ့များကိုပင်ကြား၊ တန်းကြား(၄x၆)လက်မထား၍​ တစ်ကျင်းလျှင် မျိုးစေ့(၂-၃)စေ့ခန့်ကို လက်မဝက် အနက်မြုပ်၍ စိုက်ပါ။ ကျင်းများကိုမြေဖြင့်ဖုံး၍ကောက်ရိုးသို့မဟုတ်စပါးခွံ၂လက်မခန့် ထူထူဖုံးပေးပါ။ နှစ်ရက်၊ သုံးရက်အတွင်း အပင်များပေါက်လာပြီး (၃-၄)ပတ်သားတွင် အပင်ရင်းမှဖြတ်၍ စားသုံးရောင်း ချနိုင်သည်။ အပင်များဖြတ်ပြီးနွားချေး၊ မြေဆွေးစသည်တို့ ထည့်ပေးလျှင်နောက်ထပ်(၇-၁၀)ရက်အတွင်း ထပ်မံခူး ယူ နိုင် သည်။ ကန်ဇွန်းရွက်ကို(၃-၄)ကြိမ်မျှ ဆွတ်ခူးပြီးလျှင်နောက်ထပ်အသစ်ပြန်စိုက်နိုင်သည်။ အရွယ်အစား(၃x၂၀)ပေ၊ ဘောင်တစ်ဘောင်အတွက် မျိုးစေ့ နို့ဆီဘူးတစ်ဘူး လိုအပ်သည်။ (၃)အပင်ပြုစုစောင့်ရှောက်ခြင်း အပင်ချစိုက်ပြီး(၁)လအတွင်းပေါင်းမြက်ပေါက်ပါက ရှင်းပေးရပါမည်။ လိုအပ်ပါက အပင်ကြီးထွားမှုအတွက် သင့်လျော်သော ရွက်ဖျန်းအားဆေးကို ပက်ဖျန်းပေးနိုင်ပါသည်။ သို့မဟုတ် ပုလဲဓါတ်မြေဩဇာ စတီးဇွန်း(၂)ဇွန်းခန့်ကို ရေ(၄)ဂါလံပုံး တစ်ပုံးတွင်ဖျော်၍ လောင်းပေးနိုင်ပါသည်။ကန်စွန်းသည်ရေကြိုက်သော သီးနှံဖြစ်သဖြင့်ရေမပြတ်ရန် အရေးကြီးပါသည်။ (၄)မြေဩဇာကျွေးခြင်း (၂၀x၃)ပေစိုက်ဘောင်တစ်ဘောင်လျှင်- - မြေပြုပြင်ချိန်တွင်နွားချေးတစ်တင်း - မစိုက်မီ(၁-၂)ရက်အလိုတွင် ပုလဲဓါတ်မြေဩဇာနို့ဆီဗူး၁/၂ဗူး၊ တီစူပါဓါတ်မြေဩဇာနို့ဆီဗူး၁/၂ ဗူးနှင့်ပို တက် ရှ် ဓါတ်မြေဩဇာနို့ဆီဗူး၁/၂ဗူး - စိုက်ပျိုးပြီးတစ်လအကြာတွင်ပုလဲဓါတ်မြေဩဇာနို့ဆီဗူး၁/၂ဗူး ၃။ ရိတ်သိမ်းခြင်း စိုက်ပြီး(၂-၃)ရက်အတွင်း အပင်ပေါက်လာပြီး(၃-၄)ပတ်သားတွင်အပင်ရင်းမှ(၁-၂)လက်မချန်၍ စတင်ဖြတ်နိုင်ပါ သည်။ အပင်များဖြတ်ပြီး နွားချေး ၊မြေဆွေးစသည်တို့ ထည့်ပေးလျှင် နောက်ထပ်(၇-၁၀)ရက်အတွင်းထပ်မံခူးယူ နိုင်ပါသည်။ ကန်ဇွန်းရွက်ကို (၃-၄)ကြိမ်မျှဆွတ်ခူးပြီးလျှင် နောက်ထပ်အသစ် ပြန်စိုက်နိုင်ပါသည်။ ၄။မျိုးစေ့ထုတ်လုပ်ခြင်း ကန်ဇွန်းကိုအသီးများရင့်မည့်လာသည်အထိထားပြီး ကောင်းစွာခြောက်သွေ့သောအခါ မျိုးစေ့ထုတ်ယူနိုင်ပါသည်။ သို့ရာတွင် အသုံးပြုသော ကန်ဇွန်းမျိုးစေ့များသည်ဒေသမျိုး မဟုတ်ပါက မျိုးစေ့မထုတ်ယူနိုင်ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။