အစေ့မှကန်ဇွန်းစိုက်ပျိုးနည်း
အစေ့မှကန်ဇွန်းစိုက်ပျိုးနည်း
၁။စိုက်ပျိုးဒေသ
အောက်မြန်မာနိုင်ငံဒေသအနှံ့အပြားတွင်စိုက်ပျိုးနိုင်ပါသည်။
၂။စိုက်ပျိုးခြင်း
(၁)မြေပြုပြင်ခြင်း
ထယ်(၂)စပ်ထိုးပြီး၊ ထွန်(၆-၈)စပ်မွှေပါ။ ရေသိုလှောင်ထိန်းနိုင်သောမြေဖြစ်လျှင် ကန်ဇွန်းစိုက်ရန် သင့်တော်ပါသည်။ တောင်ပေါ်ဒေသ၌ဆောင်းတွင်းစိုက်ရန် မဖြစ်နိုင်ပါ။ ထွန်ရေးညက်လျှင် ကန်းသင်းဖော်၍ အကွက်ဖေါ်ပါ။ ထို့နောက် ရေသွင်းပြီး ဆက်၍ထွန်မွှေပါ။ အခင်းသစ်တွင်မြေပြင်ချိန်၌နွားချေး(၁၀-၁၅)စီး ထည့်သွင်းပြီးမြေကြီးကို မစိုက်ခင် နှပ်ထားသင့်ပါသည်။
(၂)စိုက်ပျိုးခြင်း
မြေကိုထွန်ယက်ပြီး ၃ပေအကျယ်၊ အရှည်သင့်တင့်စွာထား၍ ၄လက်မအမြင့်ဘောင်များပြုလုပ်ပါ။ ဘောင်ပေါ်တွင် အစေ့များကိုပင်ကြား၊ တန်းကြား(၄x၆)လက်မထား၍ တစ်ကျင်းလျှင် မျိုးစေ့(၂-၃)စေ့ခန့်ကို လက်မဝက် အနက်မြုပ်၍ စိုက်ပါ။ ကျင်းများကိုမြေဖြင့်ဖုံး၍ကောက်ရိုးသို့မဟုတ်စပါးခွံ၂လက်မခန့် ထူထူဖုံးပေးပါ။ နှစ်ရက်၊ သုံးရက်အတွင်း အပင်များပေါက်လာပြီး (၃-၄)ပတ်သားတွင် အပင်ရင်းမှဖြတ်၍ စားသုံးရောင်း ချနိုင်သည်။ အပင်များဖြတ်ပြီးနွားချေး၊ မြေဆွေးစသည်တို့ ထည့်ပေးလျှင်နောက်ထပ်(၇-၁၀)ရက်အတွင်း ထပ်မံခူး ယူ နိုင် သည်။ ကန်ဇွန်းရွက်ကို(၃-၄)ကြိမ်မျှ ဆွတ်ခူးပြီးလျှင်နောက်ထပ်အသစ်ပြန်စိုက်နိုင်သည်။ အရွယ်အစား(၃x၂၀)ပေ၊ ဘောင်တစ်ဘောင်အတွက် မျိုးစေ့ နို့ဆီဘူးတစ်ဘူး လိုအပ်သည်။
(၃)အပင်ပြုစုစောင့်ရှောက်ခြင်း
အပင်ချစိုက်ပြီး(၁)လအတွင်းပေါင်းမြက်ပေါက်ပါက ရှင်းပေးရပါမည်။ လိုအပ်ပါက အပင်ကြီးထွားမှုအတွက် သင့်လျော်သော ရွက်ဖျန်းအားဆေးကို ပက်ဖျန်းပေးနိုင်ပါသည်။ သို့မဟုတ် ပုလဲဓါတ်မြေဩဇာ စတီးဇွန်း(၂)ဇွန်းခန့်ကို ရေ(၄)ဂါလံပုံး တစ်ပုံးတွင်ဖျော်၍ လောင်းပေးနိုင်ပါသည်။ကန်စွန်းသည်ရေကြိုက်သော သီးနှံဖြစ်သဖြင့်ရေမပြတ်ရန် အရေးကြီးပါသည်။
(၄)မြေဩဇာကျွေးခြင်း
(၂၀x၃)ပေစိုက်ဘောင်တစ်ဘောင်လျှင်-
- မြေပြုပြင်ချိန်တွင်နွားချေးတစ်တင်း
- မစိုက်မီ(၁-၂)ရက်အလိုတွင် ပုလဲဓါတ်မြေဩဇာနို့ဆီဗူး၁/၂ဗူး၊ တီစူပါဓါတ်မြေဩဇာနို့ဆီဗူး၁/၂ ဗူးနှင့်ပို တက် ရှ် ဓါတ်မြေဩဇာနို့ဆီဗူး၁/၂ဗူး
- စိုက်ပျိုးပြီးတစ်လအကြာတွင်ပုလဲဓါတ်မြေဩဇာနို့ဆီဗူး၁/၂ဗူး
၃။ ရိတ်သိမ်းခြင်း
စိုက်ပြီး(၂-၃)ရက်အတွင်း အပင်ပေါက်လာပြီး(၃-၄)ပတ်သားတွင်အပင်ရင်းမှ(၁-၂)လက်မချန်၍ စတင်ဖြတ်နိုင်ပါ သည်။ အပင်များဖြတ်ပြီး နွားချေး ၊မြေဆွေးစသည်တို့ ထည့်ပေးလျှင် နောက်ထပ်(၇-၁၀)ရက်အတွင်းထပ်မံခူးယူ နိုင်ပါသည်။ ကန်ဇွန်းရွက်ကို (၃-၄)ကြိမ်မျှဆွတ်ခူးပြီးလျှင် နောက်ထပ်အသစ် ပြန်စိုက်နိုင်ပါသည်။
၄။မျိုးစေ့ထုတ်လုပ်ခြင်း
ကန်ဇွန်းကိုအသီးများရင့်မည့်လာသည်အထိထားပြီး ကောင်းစွာခြောက်သွေ့သောအခါ မျိုးစေ့ထုတ်ယူနိုင်ပါသည်။ သို့ရာတွင် အသုံးပြုသော ကန်ဇွန်းမျိုးစေ့များသည်ဒေသမျိုး မဟုတ်ပါက မျိုးစေ့မထုတ်ယူနိုင်ပါ။
Greenway
aungaung
လွန်ခဲ့သော ၄ နှစ် ကတရုတ်ကစွန် ခ ရေကစွန် စိုက်နည်း တင်ပေးပါအုန်းဗျ
AungSanOo
လွန်ခဲ့သော ၄ နှစ် ကကျောက်ခေါ် ရွက်ပြောက်ရောဂါကျရောက်လျင်ဘာဆေးဖြန်းရပါမလဲ
ဦးဇင်မျိုးထွန်း
လွန်ခဲ့သော ၅ နှစ် ကကန်စွန်းဘယ်လိုစိုက်ရလဲ
ဘုန်းမြင့်
လွန်ခဲ့သော ၅ နှစ် ကတစ်ပင်တိုင်စနစ်ဖြစ်နေရင် ပင်စည်တုတ်ပါသည် (မြေဩဇာလုံလောက်ရပါမည်) ထို့အတွက် ကြဲပက်စနစ် စိုက်ပျိုးရေးကို အသုံးပြုပါ ကျွင်းတူးစိုက်စနစ်သည် အပင်လှီနိုင်သည်
ye
လွန်ခဲ့သော ၅ နှစ် ကပင်စည်အလုံးကြီးအောင်ဘယ်လိုလုပ်ရမှာလဲခင်ဗျ
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ငွေပန်စိုက်ချင်လို့ဗျာ နေရာကျယ်တယ် သိချင်တာက ဘယ်အချိန်စိုက်ရလဲ ဘယ်လောက်ကြာရင်ငွေပေါ်လဲ ဘယ်လိုစိုက်ရလဲ ဘယ်အဟာရကျွေးရလဲ ရေဘယ်လို ပေးရလဲ သိချင်ပါတယ်
ကိုနိုင် • ဖြေကြားချက် 1 ခု
ငရုပ် ခရမ်းချဥ် ရုံးပတီ သခွား ပျိုးပင်းအဆင့်မှာဘာအားဆေးဖြန်းလို့ရသလဲခင်ဗျာ
yan Naing Htwe • ဖြေကြားချက် 1 ခု
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
Khing Hein • ဖြေကြားချက် 1 ခု
ရက်၉၀စပါးပျိုးထောင်စိုက်လို့ရပါသလားဘယ်လိုစိုက်ရသလဲသိခြင်ပါတယ်
ဦးရွှေပြည်စိုး • ဖြေကြားချက် 1 ခု
ရွှေဘိုဘေးကျားလေး အသီးပြည့်ပြီး အထွက်တိုးအောင် ဘာမြေဆီကြွေးသင့်လဲခဗျာ
KYAW SHANE • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၆)
06/10/2026
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026