သရက်ပင်အရွက်တွေက...ပုံမှာပါတဲ့အတိုင်းဖြစ်နေပါတယ်..ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုဖြေကြားပေးစေလိုပါတယ်ခင်ဗျာ...
အဟာရချို့တဲ့နေတာပါ။မိုးဦးကျတစ်ခါ..မိုးကုန်ချိန်တစ်ခါ (၂ကြိမ်)မြေဆီကျွေးပါ။သရက်ဟာအခြားအပင်တွေနဲ့မတူဘဲထူးခြားတာရှိပါတယ်။အညွန့်ဖူး /အပွင့်ဖူးကလေး ထွက်တဲ့ အချိန်ဟာအရေးကြီးဆုံးပါဘဲ။အပင်ပြုစုပုံမူတည်ပြီး အဲဒီအညွန့်ဖူးဟာ အညွန့်..အရွက်ကိုင်းဖြစ်သွားနိုင်သလို ပွင့်ဖူးတံလည်းဖြစ်သွားနိုင်ပါတယ်။ပွင့်ဖူးတံထွက်ဖို့ဆိုရင် အဲဒီအချိန်မှာ ရေဖြတ်ထားရပါမယ်..မြေဆီလုံးဝမကျွေးရပါဘူး။ ပွင့်ဖူးတံထွက်လာပြီးမှ မြေဆီကျွေး..ရေပေး လုပ်ရပါမယ်။အညွန့်ဖူးထွက်ချိန် မြေဆီကျွေး/ရေပေးသွင်းခဲ့မယ်ဆိုရင် အညွန့်..အရွက်ကိုင်းဖြစ်သွားပါလိမ့်မယ်။
ဆက်စပ်မေးခွန်းများ
ဒီစာအုပ်ဝယ်ချင်ပါတယ်..
ဖြေကြားချက် 2 ခု
သရက်အပင်ခြေမှာ.ထုံး သုတ်ရင်ရောဂါပိုးကျရောက်မူက ကာကွယ်နိင်ပါသလား..ဘယ်လိုအကျိုးသက်ရောက်မူတွေရောရှိနိင်ပါသလဲ..
ဖြေကြားချက် 2 ခု
လှေားပိုး၊အခေါက်စားပိုး ကာကွယ် နိုင်နှင်းနည်း အသုံးပြုရမည့်ဆေးအုပ်စု၊ဆေးအမျိုးအမည်
ဖြေကြားချက် 1 ခု
စိန်တစ်လုံးအပင် ၂၃၀ စိုက်ထားတယ်ဗျာ ရေပေးဝေရေး စနစ်လေးတွေသိလိုပါတယ် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ပုံလေးတွေရော...
ဖြေကြားချက် 4 ခု
သရက်ကို စောစောသီးစေခြင်ရင်အခေါက်ခွာထားဆိုလို့ အခေါင်တွေခွာထားလိုက်တာ ပြီးတော့ အရွက်တွေရင့်နေတဲ့အချိန် သရက်ရာသီ...
ဖြေကြားချက် 7 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။