ဖြေကြားချက် ၅ ခု
ကျွန်တော်ဆွေးနွေးခဲ့တာက အပင်အတွက်အာဟာရကို အမြစ်မှတဆင့်အသုံးပြုနိုင်အောင်မြေကြီးထဲထည့်ကျွေးခြင်းဖြစ်ပါတယ်။ပဲမျိုးရင်းဝင်အပင်တွေကပန်းပွင့်ပြီ/သီးကင်းဝင်ပြီ ဆိုတဲ့ မျိုးပွားမှုအဆင့်မှာ မြေထဲကအဟာရတွေကိုအမြစ်ကတဆင့်အပင်က စားသောက်ခြင်း မလုပ်န်ိုင်တော့ပါဘူး။ဒါကြောင့် ပန်းစပွင့်ပြီဆိုရင် အရွက်ကနေတဆင့် ကျွေးကြခြင်းဖြစ်ပါတယ်။လူလိုဆိုရင်တော့ အကြောဆေးသွင်းတဲ့သဘောပေါ့။လျှင်မြန်စွာနဲ့ထိရောက်စွာအကျိုးသက် ရောက်ပါတယ်။သူ့မှာအားနည်းချက်က လူမှာအကြောဆေးထိုးရင် တချို့ရှော့ဖြစ်ပြီးအသေအပျောက်ဖြစ်ကြပါတယ်။ အပင်မှာလည်းရွက်ဖျန်းအားဆေးကထိရောက်မှုမြန်သော်လည်းလောင်တတ်တာကြောင့် အချိုးအစားတိကျမှန်ကန်မှုလိုအပ်ပါတယ်။
ဖော့ဖရပ်ကိုအပင်ကအလွယ်တကူအသုံးပြုဖို့ဆိုရင် အချိန်၁လ..၁လခွဲခန့်ကြာတတ်ပါတယ်။(နိုက်တြိုဂျင်က ၁၀ နာရီခန့်ကြာမှအပင်စားသောက်နိုင်တဲ့အဆင့်ရောက်ပါတယ်)။ဒါကြောင့်မျိုးပွားချိန်မှာအပင်ကအသုံးပြုဖို့အတွက် မြေပြင်ချိန်ကတည်းက ဖော့စဖရပ်ကိုထည့်ရပါမယ်။ဒါတောင်မြေကငန်နေရင် အပင်ကအလွယ်တကူမသုံးနိုင်တာကြောင့် အပူပိုင်းဒေသ....မြန်မာပြည်အလယ်ပိုင်းဒေသမြေတွေမှာ ဖော့စ်ပရပ်ကြွယ်ဝနေတတ်ပါတယ်။ဒါကိုပြိုကွဲဖို့ဆိုရင် သစ်စိမ်းမြေသြဇာ,သဘာဝမြေဆွေး,ကျောက်မှုန့်တွေထည့်ပေးသင့်ပါတယ်။
ကျွန်မသိသလောက်ကတော့ ဖော့စ်ဖရပ်က အပင်ရယူဖို့ခက်လို့ မြေပြင်ချိန်တည်းကထည့်ကြတယ် ။ ဖော့စ်ဖရပ် ကတော့ အပင်ထဲမှာ သယ်ပို့တဲ့အလုပ်ကိုလုပ်ပါတယ်။အသီးအပွင့်တွေအတွက် လှုံဆော်ပေးတဲ့ အင်ဇိုင်းတွေကို ဒီကောင်တွေကလုပ်ပေးပါတယ်။မရှိမဖြစ်လိုအပ်တဲ့ အာဟာရဆိုပေမယ့် ရယူရခက်တာကြောင့် အစောတည်းက ထည့်ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ချား(ဘိုရွန်)ထည့်ခြင်းက ပန်းပွင့်တွေကို မျိုးအောင်စေပါတယ်။
ဆက်စပ်မေးခွန်းများ
ပဲပင်တွေကွက်ပြီးသေနေတယ်ဗျာကူညီကြပါဦးဘာဆေးသုံးရမှာလဲ
ဖြေကြားချက် 1 ခု
ပုလဲမြေဆီနှင့်လက်ချား ဖြန်းဖို့ ဖူးပွင့်နေပြီ မိုးစိုက်မိုးမရွာလို့ ညိုးနေတယ် ဖြန်းလို့ အဆင်ပြေနိုင်ပါမလားဆရာ...
ဖြေကြားချက် 2 ခု
အပင်ကိုကြီးထွားရန်ဘယမလိုဆေးမျိုးသုံးသင့်လဲ
ဖြေကြားချက် 1 ခု
လက်ချားကများရင်စိုးရိမ်ရလားဆရာဘယ်နှကြိမ်လောက်ဖျန်းလို့ရပါသလဲသိချင်ပါတယ်ဆရာ
ဖြေကြားချက် 2 ခု
ဆေးကြောက်လာမသိဆရာတို့ရေရှင်းပြလိုရလာ
ဖြေကြားချက် 2 ခု