ဘူးပင်ကအသိးတွေအများကြီးသီးပြီးတစ်လုံးမှမတင်တာ ဘာကြေင့်ပါလဲ အသီးတင်အောင်ဘယ်လိုလုပ်ရမလဲခင်ဗျာ
အသီးကျချိန် ပင်ရင်းကို မြေဩဇာကြွေးပြီး မြေအုပ်ပေးခြင်းသည် ဗူးပင်၏ အစာစားမြစ်များကို လောင်ကျွမ်းစေသည် ။ထိုအခါ အသီးပုတ်ခြင်းကိုဖြစ်စေပါသည်။မြေဩဇာစနစ်တကျကြွေးနိုင်အောင် လေ့လာပါ။ ရေဝအောင် သွင်းပေးရပါမယ်။ အသီးကျပြီးအောက်ဖက်က အခက်တွေကို ဖြတ်ပြီးရှင်းလင်းပေးရပါ့မယ်။ အသီးကျပြီးနောက် အသီးတင်နုန်းကောင်းရန် ကျွေးလိုသောမြေဩဇာကို ပမာဏအချိုးအစားချိန်ဆ၍ ရေနှင့်အတူ(ဝါ)နှမ်းဖတ်ကို အပုတ်စိမ်ထားသော အပုတ်ရေထဲ ထည်၍ ရေနှင့် အတူ သွင်း၍ကြွေးနိုင်သည်။
မြေဆီသုံးရင် ဖော့စ်ဖိတ်ကို ပုလဲ, ပိုတက် တို့ထက်ပိုထည့်ပေးပါ။ဒါမှမဟုတ်ကွန်ပေါင်းသုံးမယ်ဆိုရင် အလယ်အချိုး(ဖော့စ်ဖိတ်)များတာသုံးပေးပါ။အပင်စင်ပေါ်ရောက်ပြီဆိုရင် ၁၃ဆစ်မြောက်မှာအညွန့်ကိုဖြတ်ပေးပါ။ပန်းပွင့်ပြီးနောက်ပိုင်း ရေမပြတ်ပါစေနဲ့။အသီးယူမယ်ဆိုရင်ထွက်လာတဲ့အညွန့်တွေကိုမဖြတ်ပါနဲ့ဦး။အသီးတွေဖြစ်လာပြီဆိုမှအညွန့်တွေဖြတ်ပေးပါ။ဘူးမျိုးနွယ်တွေဒီလိုဘဲသီးကင်းတွေပုပ်တတ်ပါတယ်။အခုပြောပြသလိုလုပ်ဆောင်ပေးမယ်ဆိုရင်အသီးတွေများများသီးပြီးများများတင်လာပါလိမ်မယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အဖိုပွင့်လောက်ပိုးဝင်နေလို့ဝတ်မှ ုန်မကူးနိုင်ဘူးဖြစ်နေတရ်ဘယ်လို့လုပ်သင့်အကြံဉာဏ်လေးပေးပါအုန်း
ဖြေကြားချက် 2 ခု
ဘူးကို အော်ဂဲနစ် စနစ်နဲ့စိုက်လို့ရလား ပိုးမွားကျရောက်ရင်ကော သဘာဝပိုးသတ်ဆေးကထိရောက်မှုရှိလားဗျ
ဖြေကြားချက် 1 ခု
စိုက်ပျိုးရေပညာရှင်များခင်ဗျာ ကျနော်ကစိုက်ပျိုးရေးဝါသနာရှင်တစ်ယောက်ပါ ရာသီပင်ဖြစ်တဲ့ ဘူးပင်စိုက်ပျိုးရာမှာ...
ဖြေကြားချက် 3 ခု
ဘူူးပင် ဝန်မှုန်ကူးနည်းပြောပြပေးပါဆရာစ
ဖြေကြားချက် 2 ခု
ဘူးပင်လေးတွေ အနူရောဂါလား ဖြစ်နေသလားမသိဘူးဗျာ ။ ဘာဆေးဖြန်းရသလဲ ဘယ်လို လုပ်ရမလဲ လမ်းပြပေးကြပါ။
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။