ဖြေကြားချက် ၁ ခု
ဖူးစားပြောင်း မိုးရာသီ စိုက်ပျိုးခြင်း စပ်မျိုး(hybrid)များကိုသာ ဝယ်၍ စိုက်ပျိုးကြပါသည်၊ ပြောင်းစိုက်မည့်မြေကို ကောင်းစွာ ထယ်ထိုးထွန်မွှေ၍ပြုပြင်ရပါမည်၊ ဖြစ်နှိုင်လျှင် တစ်ဧက နွားချေးလှည်း၁၀စီး ထည့်၍ပြုပြင်နှိုင်လျှင် သာ၍ကောင်းပါသည်၊ တစ်ကျင်းနှင့်တစ်ကျင်းတစ်ပေအကွာ၊တစ်တန်းနှင့်တစ်တန်း၃ပေအကွာထား၍ စိုက်ကြသည်၊ တစ်ကျင်းလျှင်၃စေ့၄စေ့ထဲ့၍စိုက်သည်၊အပင်ပေါက်လာသောအခါ သန်စွမ်းသော၂ပင်ချန်၍ ပိုသောအပင်နှုတ်ပစ်ရသည်၊ စိုက်သက် ၁၅ရက်သားတွင် ယူရီးယား(ပုလဲ)မြေသြဇာ တစ်ကျင်းလျှင် လ္က္ဘက်စားဇွန်းတစ်ဇွန်း ကို အပင်ခြေနှင့်၃လက္မအကွာမှထဲ့၍ဘောင်ပါးပါးလုံးပေးရသည် ၊ စိုက်သက်တစ်လသားတွင် တစ်ကျင်းလျှင် ပုလဲ ဟင်းခတ်ဇွန်းတစ်ဇွန်းမြေဆီ (ဖော့စဖိတ်)ဟင်းခတ်ဇွန်းတစ်ဇွန်း ဓာတ်ပြာ(ပိုတက်)ဇွန်းဝက် အပင်ခြေမှ ၆လက္မအကွာ(ကျင်း၂ကျင်းကြား)ထဲ့၍ ဘောင်မြင့်မြင့်လုံးပေးရပါသည်။ ၂လတွင်အဖူးထွက်၍၃လတွင်ခူးဆွတ်နှိုင်ပါသည်၊ တစ်ဧက အပင်၂၉၀၄၀ ဝင်ဆံ့ပါသည်၊မြေအလွန်ကောင်းလျှင် တစ်ပင် ၂ဖူးထွက်သော်လည်းအများအားဖြင့်တစ်ပင်တစ်ဖူးသာထွက်ကြပါသည်၊ ပြောင်းပင်၏အပေါ်ပိုင်းမှအပွင့်များသည် ဝတ်ဆံဖိုများဖြစ်ပြီး ပြောင်းဖူးမှ အမြိတ်လေးများသည် ဝတ်ဆံမ၏ဝတ်မှုံခံများဖြစ်ကြသည်အမြိတ်မွှေးတစ်ချောင်းစီသည် ပြောင်းစေ့တစ်စေ့စီနှင့်တွဲလျှက်ရှိသည်၊ပင်တည်းဝတ်မှုန်ကူးသလို၊ပင်ခြားဝတ်မှံုလည်းကူးပါသည်၊ ထို့ကြောင့် မိမိပြောင်းခင်း၏ လေတင်ဘက်တွင် အခြားပြောင်းမျိုးစိုက်ခင်းမရှိစေရပါ၊ရှိခဲ့ပါက ဝတ်မှုံများလာရောက်၍ မျိုးထွန်းပါတတ်ပါသည်၊ ရေမဝပ်ရန် ရေနှုပ်မြောင်းကောင်းကောင်းများလိုပါသည်။ စိုက်ပျိုးရေးနည်းပညာများ Page မှ ကူးယူဖေါ်ပြပါသည် ။
ဆက်စပ်မေးခွန်းများ
ကျွန်တော်က သျှမ်းပြည်မြှောက်ပိုင်းပါ အလုပ်အကိုင် ပြောင်းဖူးပါ မနစ်ကနဲ့စပြီး ပြောင်းစေ့အထုတ်သေးလေးက ၄၅၀၀၀ ဈေး...
ဖြေကြားချက် 5 ခု
ပြောင်းကဘလို့စိတ်တာလဲဗျ
ဖြေကြားချက် 1 ခု
ဘယ်လိုစိုက်ရမာလည်း
ဖြေကြားချက် 1 ခု
ပြောင်းချို စိုက်နည်းလေး ဝေမျှပေးပါလား ဆရာတို့
ဖြေကြားချက် 2 ခု
ပြောင်းစီပီတဧကကိုတထုပ်နုန်းဝန်းကျင်စိုက်ပြီးကုန်ချိန်ပိဿာအနည်းဆုံးနှစ်ထောင်လောက်ထွက်ချင်တယ် ပြောင်းဈေးမကောင်း...
ဖြေကြားချက် 2 ခု