ပြောင်းစီပီတဧကကိုတထုပ်နုန်းဝန်းကျင်စိုက်ပြီးကုန်ချိန်ပိဿာအနည်းဆုံးနှစ်ထောင်လောက်ထွက်ချင်တယ် ပြောင်းဈေးမကောင်းလည်းထွက်ကုန်များရင်တွက်ခြေကိုက်အောင်လို့ပါ နည်းပညာလေးတွေတတ်သိသူဆရာများကူညီကြပါဗျာ
cp ပြောင်းကိုပဲ နှစ်တိုင်းစိုက်နေကျလားရှင့် ။ CP ပြောင်းတွေရဲ့ သဘာဝအရ တစ်နှစ်ထက်တစ်နှစ် မြေဩဇာလိုအပ်ချက်က ပိုပိုများလာလိမ့်မယ်ရှင့် ပြောင်းပဲနှစ်တိုက်းစိုက်တဲ့မြေက အားကုန်နေပြီး အထွက်တိုးဖို့ဆို သွင်းအားစုတွေကို အများအပြားသုံးစွဲရတာကြောင့် တွက်ခြေကိုက်ဖို့ ခက်လှပါတယ်။ ဒီသံသရာထဲကနေထွက်ချင်ရင်တော့ တခြားဈေးကွက်ရသီးနှံကို နဲနဲစီခွဲစိုက်ပါ ပြောင်းစိုက်မယ့်နေရာမှာ ပဲတစ်မျိုးမျိုးအရင်စိုက် ပန်းပွင့်ချိန်လေးမှာ ထယ်မှောက်ပြီး သစ်စိမ်းမြေဩဇာလုပ်ပါ ဒါဆိုရင်တော့ သွင်းအားစုစရိတ်နဲနဲလျော့သွားပြီး တွက်ခြေကိုက်နိုင်ပါတယ် အထွက်များမှတွက်ခြေကိုက်မယ့်နည်းမဟုတ်ဘဲ ကုန်ကျစရိတ်လျော့ချပြီး ရတဲ့အထွက်နဲ့တွက်ခြေကိုက်မယ့်နည်းလမ်းေတွရွေးချယ်နိုင်ပါတယ်
ဆက်စပ်မေးခွန်းများ
ပြောင်းချို စိုက်နည်းလေး ဝေမျှပေးပါလား ဆရာတို့
ဖြေကြားချက် 2 ခု
ဖူးစားပြောင်း စိုက်ချင်လို့ပါ ပင်ကြား အကွားအဝေး တန်းကြားအကွားအဝေး ဘယ်လောက်ထားရမယ် ၁ဧက မှာအသုံးပြုမယ့် မြေဩဇာ...
ဖြေကြားချက် 1 ခု
ကျွန်တော်က သျှမ်းပြည်မြှောက်ပိုင်းပါ အလုပ်အကိုင် ပြောင်းဖူးပါ မနစ်ကနဲ့စပြီး ပြောင်းစေ့အထုတ်သေးလေးက ၄၅၀၀၀ ဈေး...
ဖြေကြားချက် 5 ခု
ကျွန်တော် ပြောင်းဘူးခင်းဘာလိုသေးလဲ ပြောပေးပါ
ဖြေကြားချက် 4 ခု
What is detasseling??
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။