ဒီရောဂါဟာဖြူစေးရီးယမ်းမှိုရောဂါလို့ပြောပါတယ်ဓါတုဆေးမဟုပ်ဘဲနဲ့အော်ဂဲနစ်နည်းပညာနဲ့ဘယ်လိုကုသရမလဲအလင်းပြကြပါဦးဗျာ
မှိုရောဂါဟာ ရုပ်ကြွင်းတွေ ဆွေးမြေ့ပြိုကွဲရာမှ ဖြစ်ပေါ်လာသော သဘာဝတစ်မျိုးလို့ ဆိုနိုင်ပါတယ်။ သစ်ရွက်စသော စိုက်ပျိုးပင် အကြွင်းအကျန်တွေကနေ မဆွေးမြေ့ခင်မှာ မြေ လေ ရေ တို့၏ စိုထိုင်းဓါတ်ပြုခြင်းကြောင့် မှိုဖြစ်ပေါ် ပေါက်ဖွားလာပါတယ်။ မြေထဲရှိ အမြစ်များ မှိုစွဲကပ်ပြီး အမြစ်သစ်မထွက်နိုင်ဖြစ်ကာ အမြစ်ငယ်များ ပျက်စီးပြီ မှို၏ ရောဂါလက္ခဏာသွင်ပြင်များ အပင်မှာဖြစ်ပေါ်လာပါတယ်။ ရာသီဥတုနှင့် ဓါတုပြိုကွဲမှု အပိုအခြားတစ်ခုကိုအခြေတည်ပြီးဖြစ်ခြင်းကြောင့် ထိုအပိုင်းခြားကာလကို ရုပ်ကြွင်းဆွေးမြေမှုနှင့် အမြစ်တိုးဝင်အစာချက်မှုဖြင့် နိုင်းတွက်ပြီး စိုက်ပျိုးကာလကို ချိန်ဆတွက်ချက်နိုင်မည်ဆိုလျင် မိုသည်လည်း ရိရော်ဆွေးမြေ့ဓါတ်ပြုပစ္စည်းဖြစ်ခြင်းကြောင့် ပိုမိုကောင်းမွန်သော အခါကာလကို တွက်ဆစိုက်ပျိုးခြင်းက အကောင်းဆုံးဆေးပဲဖြစ်ပါတယ်။
အဲဒာဘယ်လုပ်ရမလဲဗျာ
ဟုပါတယ် ကျွန်တော်တို့နယ်မှာလဲအဲလိုပါဘဲ
မှိုရောဂါဖြစ်ပြီး၁။စပါးပြီးကုလားပဲခင်းတွေမှာ ဖြစ်တတ်ပါတယ်.၂။ရောဂါရှိအပင်အကြွင်းအကျန်တွေမှတဆင့်ကူးဆက်ပြန့်ပွားပါတယ်.၃။စိုက်ချိန်မှာစိုထိုင်းလွန်းရင်လည်းဖြစ်လေ့ရှိပါတယ်။ဒါကြောင့်ထယ်ရေးကိုအချိန်ယူပြီးပြင်ဆင်ထားသင့်ပါတယ်.အစိုဓာတ်များလွန်းတဲ့အချိန်စိုက်တာကိုရှောင်ပါ.ထရိုင်ဂိုဒါးမားမှိုနဲ့မျိုးစေ့လူးနယ်စိုက်ပါ.မြေပြင်ချိန်စိုက်ကြောင်းထဲထည့်ပါ။(ဒီမှိုကအကျိုးပြုမှိုဖြစ်ပြီးရောဂါဖြစ်မှိုက်ိုချေမှုန်းတိုက်ဖျက်ပေးပါတယ်)။ဓာတုဆေးမသုံးချင်ဘူဆိုတော့ ထုံး+ဒုတ္ထာဆေး(ဘော်ဒိုးဆေးရည်) သို့မဟုတ် ထုံး+ကန့်ဆေးရည် တွေသုံးနိုင်ပါတယ်။
ပာုတ်ကဲ့ခင်ဗျာ ကျနော်တို့ဖက်မှာအဲလိုရောဂါဖြစ်နေတာ ဘယ်လိုလုပ်ရမလဲဖြေကြားပေးပါဦး ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ကုလားပဲပင်တွေက အသီးဝင်နေတုန်းကွက်သေနေလို့ဗျာ ဘာဆေးသုံးရမလဲမသိလို့ ဆေးအညွန်းလေးပြောပေးကြပါအုံး.....
ဖြေကြားချက် 1 ခု
ဆရာကြီးခင်ဗျ အပင် 15ရက်သားကနေစပြီး ရွက်ဖြန်းဓာတ်မြေဩဇာအနေနဲ့ မာလာမြိုင် ရှယ်ပဲနဲ့အတူ ပိုးသတ်ဆေးအဖြစ် မာလာမက်...
ဖြေကြားချက် 2 ခု
ကုလားပဲအသေလေးတွေတွေ့တွေ့လို့မြစ်ခြောက်ဆွေးလားခဗျဘာရောဂါလဲဗျဘာဆေးသုံးရမလဲဆရာတို့ရေ
ဖြေကြားချက် 2 ခု
EMမှာ EM1 EM2 EM3 EM4 EM5ရယ်လို့သိရပါသူ့အမျိုးအစားလိုက်ပြုလုပ်ပုံလေးတွေကိုအလင်းပြပေးကြပါဦး
ဖြေကြားချက် 2 ခု
ကုလားပဲ အပင်တွေက အခြေတွေ နီပြီး အပင်မတက်ဖဲ ဖြစ်နေတယ် ဘယ်လိုလုပ်ရင်ကောင်းမလဲဗျ။
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။