အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
phoephyu
phoephyu 2,214
လွန်ခဲ့သော ၆ နှစ် က · ခန္တီး

စိုက်နည်းသိချင်

စိုက်ပျိုး ဗဟုသုတ ရုံးပတီ
3

ဖြေကြားချက် ၃ ခု

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော့်ရဲ့စိုက်ခင်းအတွေ့အကြုံအရ ငါးအမိုင်နိုအက်စစ်(ငါးအပုပ်ရည်) ၇ရက်တစ်ခါဖျန်းပေးပါက အတောင့်အရွယ်အစားကြီးပြီးအရည် ရွှမ်းကာနူးညံ့ပါတယ်။နေ့တိုင်းခူးဆွတ်ရပြီးအထွက်လည်းကောင်းဝင်​ငွေလည်းတိုးပါတယ်။

ဖြိုးသဥ္ဇာကျော်
ဖြိုးသဥ္ဇာကျော် 8,245 လွန်ခဲ့သော ၆ နှစ် က

ရုံးပတီသီး စိုက်ပျိုးနည်း လင့်ကိုနှိပ်ပြီး လေ့လာနိုင်ပါတယ်။

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ရုံးပဒေပင်သည် မျိုးစိတ်များသောကြောင့် ရာသီနှင့် မြေအမျိုးစားကိုလိုက်၍ မျိုးစေ့ကို ပထမဦးစွာရွေးချယ်တတ်ဖို့ရာအရေးကြီးပါသည် စိုက်ပျိုးရာတွင်လည် စနစ်ကျကျစိုက်ပျိုးတတ်ပါမှ အပင်ရေဝင်ဆန့်ပြီး တွက်ခြေကိုက်သောအပင်မျိုးဖြစ်သည်။ အပင်အမြစ်နာခြင်းသည် ရောဂါဝင်ခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ပြီး။အမြစ်ကို အောက်ဆီဂျင်ရလွယ်သော စိုပျိုးနည်းစနစ်မျိုးကို ရွေချယ်စိုက်ပျိုးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းစေပါသည်။အပင်ရင်း၌ ပေါင်းမြက်နုတ်ခြင်း မြေဩဇာအပြင်း များကို အပင်ရင်၌နီးကပ်စွာထည့်သွင်းခြင်း အပင်ကြီးထွားနုန်းနှင့် ထည့်သွင်ရမည့် မြေဩဇာပမာဏကို ချိန်ဆထည်သွင်းရပါမည်။ အစေ့ကို ရွေးချယ်ရာတွင် မျိုးစေ့အရည်သွေး ကို စစ်ဆေးခြင်းဖြင့် အစေ့ကို ရေဖြင့် တစ်ရက်စိမ်ထားပြီး ရေစိုအဝတ်ဖြင့်တစ်ညထုပ်ကာ အစေ့ညောက်ဖောက်၍ အညောက်မရှည်ခင် ရွေးချယ်၍ အသင်ပြင်ထားသောမြေတွင် အောက်ခံမြေဆွေးထည့်၍ စိုက်ပျိုးရပါသည်။အပင်ဆယ်ငါးရက်သား နှစ်ဆယ်ခန့်တွင် ပထမမြေဩဇာကို ထည့်သွင်းပြီး ကျဉ်းဘောင်တင်ပေးပါ။ရက်လေးဆယ်ခန့်တွင် တီစူပါ နှင့်တစ်ဆယ်ငါးပတ်လည် မြေဩဇာခပ်ပါးပါးထည့်သွင်းပြီ။အသီးအပွင်အားကောင်းစေရသည်။ အသီးကောက်ပြီးတိုင်း အရွက်များကို ဖြတ်ပေးရန်လိုအပ်ပြီး။ကျဉ်းကြီးပေါက်စနစ်ဖြင့် တစ်ကျဉ်းသုံးတန်းစိုက် စနစ်ကို အကွက်ချနိုင်လျှင် စိုက်ပျော်သော သီးနှံဖြစ်သည်။ရွက်လိပ်ပိုးများ ကျတတ်ပြီး။ကျလျင် အရွက်လိပ်များကိုဖည့်ယူပြီး မီးဆို့ဖျက်ဆီးကာ ပိုးသတ်ဆေးဖြန်းပေးရပါမည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။