အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Soe Hla
U Soe Hla 1,510
လွန်ခဲ့သော ၆ နှစ် က · ကျောက်တန်း

ကျွန်တော်အများအပြားစိုက်တဲ့စိုက်ပျိုးရေးသမားမဟုတ်ပါ ကျွန်တော့အိမ်ခြံထဲတွင် မာလကာပင် 5ပင်နှင့်အခြားသီးနှံများစိုက်ပျိုးထားပါတယ် ယ္ခုမာလကာပင်များမှာ ယ္ခုကဲ့သို့ဖြစ်နေပါတယ် ရောဂါလား ပိုးမွှားလား မခွဲချား တတ်ပါ ဘာဆေးနှင့်သင့်တော်ကြောင်းဖြေကြားပေးစေလိုပါသည်ခင်ဗျာ

စိုက်ပျိုး ရေ မာလကာ
Post image
Post image
5

ဖြေကြားချက် ၅ ခု

U Soe Hla
U Soe Hla 1,510 လွန်ခဲ့သော ၆ နှစ် က

Ko Thant Zin ရေ ကျေးဇူးပါ ခင်ဗျ

U Soe Hla
U Soe Hla 1,510 လွန်ခဲ့သော ၆ နှစ် က

ယ္ခုလိုဖြေကြားပေးသောကြောင့် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

အပျင်းပြေစိုက်သူတွေအတွက် လေထိုးတဲ့ ဆေးဖြန်းပုံးအသေးလေးတွေရှိပါတယ်။လေခွက်နှင့်ပါ။ပင်ဖြန်းမြေဩဇာအဖြစ် သားငါးနှင့် ပာင်းသီးဟင်းရွက်အကြွင်းအကျန်နှင့် စွန့်ပစ်ရမည် အခွံတို့ကို ဂါလံပုံးတစ်လုံးထဲစုထည့်ထားပြီး ရေဖြင့်ဓါတ်ပြုပျော်ဝင်စေပြီး ထညစ်တစ်ဆယ်သားခန့်ထည့်ပြီး ပင်ဖြန်းမြေဩဇာရည်ပြုလုပ်ပါ။ အိမ်မှထွက်သော စဖိုပြာနှင့် သီးနှံသားငါးအကြွင်းကျန်နှင့် လက်ဆေးရည် ပုဂံဆေးရည်တို့ကို စုစည်းထား၍ အပင်တို့ကို လောင်းပေးပါ။လှပစိမ်းစိုပြီး အသီးထွက်ကောင်းအောင် ပျင်းတဲ့အခါများမှာ ထညစ်နှင့်ဖောက်ပြီးစိမ်ထားသော အရည်ကို ရေဖြင့်ရောစပ်ပြီးဆေးဖြန်းပုံးလေးထဲထည့်ပါ။အပင်ကိုဖြန်းပေးပါ။အထက်ကို တည့်မတ်ထောင်တက်သောအခက်ကို ဖြတ်ပေးပြီး အခက်ဘေးကိုဖြာသော အပင်ပုံကိုသွင်းပေးပါ။ထိုအခါ အသီးကျသောအခါ နိပ်ပြီး မြေနှင့်ထိမတတ်ဖြစ်နေသော ‌မာလကာသီးများကို ပြွတ်သိပ်ပြီးမြင်ကြရမှာပါ။ပျော်ရွှင်ပါစေ။

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

ပိုးစေးနှဲပါ ၅ပင်တည်းဆိုတော့ ဆေးဖျန်းဖို့ကျတော့လည်း တွက်ခြေမကိုက်ဘူး သဘာဝနည်းနဲနှိမ်နင်းမယ်ဆို အရက်ပြန်ကို ဂွမ်းတွင်ဆွတ်ပြီး ပိုးကောင်လေးတွေကို ပွတ်လိုက်လို့ရတယ် ဒါမှမဟုတ်ရင် ဆပ်ပြာမှုန့်ကို ရေ၁ဂါလံ မြင်းခေါင်းဇွန်းတဇွန်း ဖျော်ပြီး ပက်ဖြန်းပါ

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ပိုးမွှားပါ ပင်လုံးပျံ့အာနိသင်ရှိတဲ့ပိုးသတ်ဆေးကို ဖြန်းပေးပါ။ပျောက်သွားမှာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။