အခုကျွန်ေတာ် သစ်ခွပန်းကိုပုံထဲကအတိုင်းပဲခင်ဗျ။ အဆင်ေပြလားခင်ဗျ။
အဆင်မပြေပါဘူးညီ။အုပ်နံရံနှင့်အိမ်ကြားမှာမျိုး ပိုအဆင်ပြေပါတယ်။ညီရဲ့သစ်ခွပင်တွေက နည်းနေပါတယ်။အပင်ခွဲးပေးဖို့လိုပါတယ်။သစ်ခွရုံလုပ်တယ်ဆိုတာက သစ်ခွပင်တွေတစ်ပင်နှင့်တစ်ပင်စီတန်းပြီး၊သစ်ခွမျိုးစိတ်တွေစုံနေအောင်ချိတ်ဆွဲးထားပြီး အပိုင်းနှင့်မိုးကာထားရတာပါ။ပြီးအောက်ဖက်မြေမှာ ပိန်းပန်းပင်ကိုစိုက်ပါ။အုန်းဆံခွံတွေခင်းပြီးစိုက်ရပါတယ်။အရိပ်ကြိုက်တဲ့အပင်မျိုးစိတ်ပါ။သစ်ခွပင်ကို ရေလောင်းတဲ့အခါ အောက်က ပိန်းပန်းပင်နှင့်အုန်းခွံက ရေစုပ်ထားတဲ့အတွက်ကြောင့် ရေငွေပျံပြီး သစ်ခွပင်နှင်အပြိုင် အအေးဓါတ်ပြိုင်ပြီးနေပါတယ်။သစ်ခွကို အိုးအသေးလေးတွေနှင့်ပြောင်းပြီးခွဲစိုက်ရပါတယ်။မိုးရာသီဝင်တာနှင့်ခွဲစိုက်လို့ရပါပြီ။စဉ်ကိုသုံးတန်းလောက်ရိုက်ပြီး သစ်ခွအိုးလေးတွေချိတ်လိုက်တဲ့အခါ သစ်ခွပင်တွေ စီတန်းထားတဲ့ သစ်ခွရုံလေးဖြစ်လာပါတယ်။ကြိုးစားကြည့်ပါ။ပြီး ပြန်မေးပေါ့။သစ်ခွမျိုးတွေ ထပ်ရှာထည့်ဖို့လိုနေပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သစ်ခွပန်းကိုတစ်ေန့ကိုေရဘယ်နှစ်ကြိမ်ေလာင်းရလဲဗျ။ ကျွန်ေတာ်ကသစ်ခွပန်းအေကြာင်းအခုမှစေလ့လာတာဗျ
ဖြေကြားချက် 3 ခု
ေခတ်သစ်နည်းနဲ့သစ်ခွပန်းစိုက်လို့ရတဲ့နည်းရှိလားခင်ဗျာ။ နည်းရှိရင် ေပြာေပးပါဦး
ဖြေကြားချက် 2 ခု
သစ်ခွ ပင်က ရေငံတိုက်မရတာလားဗျာ့ မဖြစ်ဘူး ခြောက်နေတယ်
ဖြေကြားချက် 2 ခု
ဒီလိုသစ်ခွ ပျိုးပင်တွေ ဘယ်မှာရနိုင်မလဲခင်ဗျ
ဖြေကြားချက် 1 ခု
ရေညှိတက်နေတာ ဘာသုံးရပါမလဲ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။