ဖြေကြားချက် ၃ ခု
ထိုသို့ ဆုပ်ကိုင်ထားသင့်သော နိယာမသဘောသဘာဝမျိုးမဟုတ်ပါ။မြေလွှာတို့၏ ဖြစ်တည်မှုသည် တခြားသောဓါတုသဘာဝများနှင့်ဆက်နွယ်လျှက် ကမ္ဘာ့မြေထုပြောင်းလွဲခြင်းသည် မြေ၌သက်ရောက်နေသော အကြောင်းအချက်လက်များ၏ လက္ခဏာများအနေဖြင့် ရှုမြင်ရပါမည်။ဆားဓါတ်ပါသောမြေလွှာကြောများ၏ အတိမ်အနက်ကိုလိုက်၍ မြေချဉ်မြေငံကွဲပြားမတူညီမှုများဖြစ်ပေါ်လာစေသည်။ေပျာ်ဝင်သတ္တိရှိေသာရေ၏နိယာမသဘောသည် ဥတုရာသီနှင့်ယှဉ်တွဲ၍ရှုမြင်ကြည့်လျှင် ထိုသဘောကို သိနိုင်သည်။မိုးအခါတွင် မြေတွင်ငွေ့ပျံမှုနှင့် နွေအခါမြေတွင်းရေငွေ့ပျံမှုသည် အပိုင်းအခြားအားဖြင်မတူညီကြပါ။ရေစိမ့်ဝင်မှုများသောသဲမြေသည် နွေအခါတွင် မြေတွင်းရေငွေ့ပျံမှု မြင့်မားသည်။မြေတွင်းဓါတုရောထွေးမှုဖြစ်စဉ်သည် ရေငွေ့နှင့်အတူ ဓါတုပျော်ဝင်သတ္တိကိုအကြောင်းပြုပြီး အရောင်အသွေး အချဉ်အငံနှင့် ကယ်လ်စီယမ်စသော ဓါတုပျော်ဝင်မှုများကိုလိုက်ပြီး အနုအရင့်အနိမ့်အမြင့်ကွဲပြားပါသည် မြေတွင်းဓါတုကို ပြောင်းလွဲနိုင်သောအပူစွမ်းအင်က ရေနှင့်ဓါတ်ပြုခြင်းကြောင့် ထုံးကျောက်မှုန့်နှင့် ထုံးသည်မတူညီသောသဘောရှိပါသည်။ကျောက်မှုန့်က ရေနှင့်ဓါတုဓါတ်ကို မြေ၌စုစည်းပေးပြီ။ထုံးဖြစ်သွာသော ထုံးမှုန့်ကတော့ မြေ၌ရှိသောဓါတုဓါတ်ကို ရေနှင့်ဓါတ်ပြုပြီး မစုစည်းပေးပဲ ဆင့်ကဲပြောင်းလွဲမှုကို မြင့်တင်ပေးသည်။ထိုအခါ မြေ၏ဓါတုစုစည်းခြင်းပြောင်းလွဲခြင်းကို လိုက်ပြီး စီစစ်အသုံးပြုသင့်ပါသည်။
ကုန်းစောင်းမြေ,မိုးများတဲ့ဒေသကမြေနဲ့ရေအမြဲတန်းဝပ်နေ/ ရှိနေတဲ့မြေတွေဟာအချဥ်ဓာတ်ကဲပါတယ်(မြန်မာပြည်အောက်ပိုင်းမိုးများတဲ့ဒေသ/ မြေစေးမြေများ)။ကိုင်းပင်.ဘိစပ်ပင်.ရေညှိပင်တွေတွေ့ရင်အဲဒီမြေဟာချဥ်တယ်လို့သတ်မှတ်နိုင်ပါတယ်။ပူပြင်းခြောက်သွေ့ပြီးမိုးနည်းတဲ့မြန်မာပြည်အထက်ပိုင်းဒေသရှိမြေတွေဟာအငန်ဓာတ်ကဲပါတယ်(ရေမထိန်းနိုင်တဲ့သဲဆန်တဲ့မြေများဖြစ်ပါတယ်)။မြေချဥ်တာကိုချက်ခြင်းပြင်လို့မရပါဘူး။နှစ်စဥ်ထုံးထည့်ပေးရပြီးတစ်နှစ်ကိုထုံးတစ်တန်ခန့်နဲ့ ၃နှစ်အနည်း ဆုံးထည့်ပေးရပါတယ်။(မြေချဥ်ကိန်းပေါ်မူတည်ပြီးအချိန်ကာလနဲ့ပမာဏကွာခြားနိုင်ပါတယ်)။
ဆက်စပ်မေးခွန်းများ
မြေချဉ်ငံကိန်း မမှန်ရင် ဘယ်လိုအနေအထား လက္ခဏာ တွေဖြစ်ပါသလဲ၊ မြေချဉ်ရင် ဘယ်လိုအပင်မျိုးတွေပေါက်ပါသလဲ
ဖြေကြားချက် 2 ခု
မြေချဉ်ငံဓာတ်တိုင်းတဲ့စက်ကို ရန်ကုန်ဘယ်နေရာမာဝယ်လို့ရလဲဗျ အသုံးပြုပုံလေးနဲ့ ဈေးလေးကိုလဲ သိရင်ရှင်းပြပေးကြပါ...
ဖြေကြားချက် 1 ခု
မြေချဉ်ပြုပြင်နည်းလေးသိချင်လို့ပါ
ဖြေကြားချက် 4 ခု
မြေချဉ်ငံသိအောင်PHတိုင်းစက်နဲဘယ်လိုတိုင်းကမလဲမြေချဉ်ငံPHကဘယ်မီတာကိုကြည့်ကမလဲး
ဖြေကြားချက် 2 ခု
လယ်မြေမှာဘာကြောင့်ထုံးထည့်သင့်ပါသလဲ
ဖြေကြားချက် 1 ခု