အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Li War
Li War 5,340
လွန်ခဲ့သော ၆ နှစ် က · ဝိုင်းမော်

ရွှေဝါငါးကျင်း ငါးသားပေါက်တွေကို ကန်ထဲမထည့်ခင်ဒီလိုလေးထားထားတယ် ဒီလိုလုပ်လို့ ကောင်းကျိုး ဆိုးကျိုးလေးတွေရှိရင်ပြောပြပေးကြပါ ခုမအစမို့လို့ မသိလို့ပါ

မွေးမြူနည်း ငါး
Post image
Post image
Post image
Post image
7

ဖြေကြားချက် ၇ ခု

Ko Zaw
Ko Zaw 7,437 လွန်ခဲ့သော ၆ နှစ် က

dissolve oxygen ( ရေတွင်ပျော်ဝင်သော အောက်ဆီဂျင် ) ကို ပြောတာပါ ခင်ဗျာ ။

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

သွေးအေးသတ္တဝါဖြစ်တဲ့ငါးငယ်‌ေလး‌ေတွဟာ အပူအအေးပြောင်းလွဲမှုများရင် သေနိုင်ပါတယ်။ငါးတစ်ကောင်ရဲ့ ခန္ဓာဗေဒဖြစ်စဉ်က ရေနှင့် အလိုက်သင့်တုံ့ပြန်နေထိုင်ရှင်သန်တဲ့သဘာဝဗီဇကြောင့်ပါပဲ။ အေးလွန်းတဲ့အခါမှာတော့ ရေရဲ့သဘာဝအရ သိပ်သည်းပြောင်းလွဲမှုသိပ်မဖြစ်ပါ။မြေကြီးရဲသဘာဝတုံ့ပြန်ခြင်းက အအေးဓါတ်ကိုထိန်းညှိပေးပါတယ်။ထိုပမာဏထက်လွန်တဲ့ ဝင်ရိုးစွန်းကဲသို့ အေးခဲမှုမျိုးကိုတော့ ဗီဇဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်မရှိသော ငါးမျိုးစိတ်များအနေဖြင့် သေနိုင်ပါတယ်။

Li War
Li War 5,340 လွန်ခဲ့သော ၆ နှစ် က

ရေတော့မပူဘူး အေးလို့ကောသေနိုင်လား တချက်လောက်ပြောပြပါ

Li War
Li War 5,340 လွန်ခဲ့သော ၆ နှစ် က

DOဆိုတာဘာလ‌ဲ‌ဗျ မသိလို့ပြန်ရ‌ှင်းပြပါလား

Kyaw Swar
Kyaw Swar အတည်ပြုပြီး 116,259 လွန်ခဲ့သော ၆ နှစ် က

ကန်မကြပ်စေနဲ့ အောက်ငါးဖြစ်လို့ ငါးသန်အဆင့်မှာ ရေမနက်စေနဲ့ ဒေသအရ အေးချိန် ရေဂရုစိုက်ပါ DO ပြည့်မှီရန်လိုပါမယ်

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ရွေးချယ်ထည့်သွင်းခြင်းဟာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကိုဖြစ်စေနိုင်ပါတယ်။ဆိုးကျိုးကတော့ ရေ၏အပူချိန်ကို မျှတအောင်ဆောင်ရွက်ပေးရပါ့မယ်။ရေပူချိန်မြင့်မားလာမှုဟာ ရေ၏အရည်သွေးနှင့်ငါးလေးတွေ၏ သွေးလေလှုပ်ရှားမှုကို တိုက်ရိုက်ဆက်နွယ်နေခြင်းကြောင့် ရေ၏ အပူချိန်ကို တည်ငြိမ်မှုရှိနေအောင် ဆောင်ရွက်ထားရှိခြင်းက ငါးမွေးမြူခြင်း၏ အရေးပါသောအခန်းကဏ္ဌဖြစ်ပါတယ်။

နေမင်းခ မြန်မာ
နေမင်းခ မြန်မာ 116 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဆရာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။